တရုတ်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ရောက်ရှိနေပြီဟု အတည်ပြု




တရုတ်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးဋ္ဌာနဟာဆိုရင်တော့ သူတို့ရဲ့ နိုင်ငံကို ရောက်ရှိလာတဲ့ ဇီကာဗိုင်းရပ်စ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး တရုတ်နိုင်ငံအတွင်းမှာ ပထမဆုံးအဖြစ် ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတဲ့ အမျိုးသားကိုလည်း နိုင်ငံအဆင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဆင်ဟွာသတင်းဋ္ဌာနရဲ့ အဆိုအရတော့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေဟာ ဗိုင်းရပ်စ်ဟာ ရာသီဥတု အအေးဒဏ်ကြောင့် လျင်လျင်မြန်မြန်တော့ ပျံ့နှံ့နိုင်ဖွယ်မရှိဘူးလို့ ယူဆနေကြတယ်လို့ သိရပါတယ်။ ကူးစက်ခံရတဲ့အမျိုးသားဟာ ပြီးခဲ့တဲ့ရက်အတွင်းက ဗင်နီဇွဲလားနိုင်ငံကို ခရီးထွက်နေတည်းက ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ ၊ မူးဝေတာတွေဖြစ်ခဲ့ပြီး တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ချိန်မှာတော့ ဇီကာဗိုင်းရပ်စ်ကူးစက်ခံလာရတယ်လို့ အဖြေထွက်ခဲ့ပါတယ်။

WHO ကတော့ ဇီကာဗိုင်းရပ်စ်ကို စိုးရိမ်ဖွယ်အဆင့်အထိ ကြေညာထားပြီး ဖြစ်ပြီး အမေရိကတောင်ပိုင်းနဲ့ မြေထဲပင်လယ်ဒေသတွေမှာ ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်လာခဲ့တာဖြစ်ပါတယ်။ နွေရာသီအိုလံပစ်ပွဲတော်ကို လက်ခံကျင်းပမယ့် ဘရာဇီးလ်နိုင်ငံကတော့ ဇီကာဗိုင်းရပ်စ်ကြောင့် အဖြစ်ပွားဆုံးနေရာတစ်ခု ဖြစ်နေပါတယ်။ ဘရာဇီးဟာ အခုလို ရောဂါပြန့်ပွားနှုန်းမြန်ဆန်နေပေမယ့်လည်း သူတို့ရဲ့ ကာနီဗယ်ပွဲတော်ကို မကြာသေးခင်အချိန်ကမှ စည်စည်ကားကား ကျင်းပပြီးစီးနိုင်ခဲ့ပါတယ်။

ခြင်ကနေတစ်ဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ဟာ ဦးနှောက်ကို ကျုံ့သွားနိုင်တဲ့အထိ ပြင်းထန်ပြီး  ဇီကာဗိုင်းရပ်စ်ကိုက်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကလေးမွေးဖွားလာချိန်မှာလည်း သာမန်ထက် ဖွံ့ဖြိုးမှု နှေးကွေးတဲ့ ဦးနှောက်လေးတွေနဲ့ ကလေးတွေကို မွေးဖွားလာစေနိုင်တဲ့အထိ ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှု ရှိစေတယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်အတော်များများကတော့ သူတို့ရဲ့ ခန္ဒာကိုယ်မှာ ဇီကာဗိုင်းရပ်စ်ရှိနေတယ်ဆိုတာ မသိရှိကြဘဲနဲ့ အခုနောက်ပိုင်းမှာမှ ဆေးပညာ လေ့လာမှုတွေကြောင့်သာ သိရှိခဲ့ရတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : BBC

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ