ချောကလက်စားသုံးခြင်းက မှတ်ဥာဏ်ပိုမိုကောင်းမွန်စေပြီး အာရုံစူးစိုက်နိုင်မှု မြင့်မားစေ



ချောကလက်ကြိုက်တတ်တဲ့သူတွေအတွက်တော့ သတင်းကောင်းဖြစ်စေမှာပါ။ ချောကလက်စားတာဟာ မှတ်ဥာဏ်ကို ပိုပြီးကောင်းမွန်စေနိုင်ပြီး အာရုံစူးစိုက်နိုင်စွမ်းကိုလည်း မြင့်မားစေတယ်လို့ သိရပါတယ်။ မှတ်ဥာဏ်စွမ်းရည်ကို စမ်းသပ်မှုတွေပြုလုပ်ခဲ့ချိန်မှာတော့ တစ်ပတ်တစ်ခါ ပုံမှန်နှုန်းနဲ့ ချောကလက်စားတဲ့သူဟာ ပိုပြီးတော့ ရလဒ်တွေကောင်းမွန်လေ့ရှိတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒီလိုရလဒ်မျိုးထွက်ပေါ်လာရတာဟာဆိုရင်တော့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ ဖလေဗနိုးလ်ကြောင့်ဖြစ်ပြီး အချိုကဲတဲ့အစားအစာတွေမှာ ပါဝင်တတ်ပြီး ချောကလက်အနက်မှာတော့ ကြွယ်ကြွယ်ဝဝပါဝင်တယ်လို့ သိရပါတယ်။ ဒီရဲ့ ဖလေဗနိုးလ်ဒြပ်ပေါင်းဟာဆိုရင်တော့ Antioxidant ဓာတ်တစ်မျိုးဖြစ်တာကြောင့် ဆိုးကျိုးတွေလည်းရှိပြီး တစ်ချို့ဆဲလ်တွေကိုတောင် ဖျက်ဆီးပစ်နိုင်တယ်လို့ သိရပါတယ်။

ချောကလက်ဟာ မှတ်ဥာဏ်ပျောက်ဆုံးတာတွေ ၊ နှလုံးရောဂါတွေနဲ့ အလေးချိန်တိုးမှုကို တားဆီးပေးတာတွေကို လေ့လာတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ အခုလို မှတ်ဥာဏ်ကောင်းစေပြီး အာရုံစူးစိုက်နိုင်စွမ်းမြင့်တက်စေတာကို ထပ်ပြီးတော့ တွေ့ရှိခဲ့ရတာပါ။  လူ ၁၀၀၀ လောက်ကို ကာလရှည်စောင့်ကြည့်ခဲ့တဲ့ ဒီလေ့လာမှုမှာတော့ ချောကလက်ဟာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ဆက်စပ်နေတာကို အခုလို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပစ္စည်းတွေ ဘယ်နေရာမှာထားခဲ့တာ ၊ စာလုံးစုတွေကို အချိန်ကြာမှာ ပြန်မေးတာနဲ့ အတိတ်က အကြောင်းအရာနဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်မေးမြန်းမှုတွေပြုလုပ်ခဲ့ရာမှာတော့ ချောကလက်ကို တစ်ပတ်တစ်ခါလောက် ပုံမှန်စားသုံးသူတွေက ရလဒ်ပိုကောင်းတာကို တွေ့ခဲ့ရပါတယ်။

ဒီလိုတွေ့ရှိမှုတွေကြောင့် ချောကလက်စားသုံးတာဟာ ဦးနှောက်ပိုင်းဆိုင်ရာ မေ့လျော့မှုတွေကို ဖယ်ရှားပေးနိုင်ပြီး သက်ကြီးရွယ်အိုတွေမှာ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ