၂၀၃၀ ခုနှစ်မှာ တစ်ကမ္ဘာလုံး ငှက်ဖျား ကင်းစင်မယ်လို့ WHO ပြော




ကမ္ဘာကြီးဟာ နောက်ထပ် ၁၅ နှစ်ကြာတဲ့အခါမှာ ငှက်ဖျား(malaria) ရောဂါ လုံးဝ ကင်းစင်သွားလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ကြေညာလိုက်ပါတယ်။

နိုင်ငံ အသီးသီးက ကျန်းမာရေးဆိုင်ရာ သံတမန်တွေဟာ ဂျီနီဗာ မြို့မှာ ငှက်ဖျားရောဂါ နဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ ထိုဆွေးနွေးမှုတွေအရ ငှက်ဖျားရောဂါ ကို ၂၀၂၀ မှာ ၄၀ ရာခိုင်နှုန်းလျော့ချနိုင်ဖို့ စီမံကိန်းရေးဆွဲထားပြီး ၂၀၃၀ နှာ ၉၀ ရာခိုင်နှုန်း လျော့ချသွားနိုင်မယ့် အစီအစဉ်တွေကိုလည်း ရေးဆွဲထားပါတယ်။

ထိုစီမံကိန်းတွေအရ နောက်လာမယ့် ၁၅ နှစ်မှာ အနည်းဆုံး နိုင်ငံပေါင်း ၃၅ နိုင်ငံ ငှက်ဖျား ကင်းစင်သွားအောင်တိုက်ဖျက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ခြင်ကိုက်ခြင်းကနေစတင်ဖြစ်ပွားတဲ့ ငှက်ဖျားရောဂါဟာ တစ်နှစ်မှာ လူအယောက် သန်း၂၀၀ ကို စွဲကပ် ခံစားစေခဲ့ပြီး လူဦးရေ အယောက် ၆၀၀,၀၀၀ ကို သေစေခဲ့ပါတယ်။ ထိုသေဆုံးမှုတွေရဲ့ အနည်းဆုံး ၃ ပုံ ၁ ပုံဟာ အသက် ၅ နှစ်အောက် ကလေးငယ်တွေဖြစ်နေတယ်လို့ ၀မ်းနည်းစွာ ကြားသိရပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ငှက်ဖျားရောဂါကြောင့်သေဆုံးမှုတွေ ရဲ့ ၉၀ ရာခိုင်နှုန်းဟာ အာဖရိက မှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဦးဆောင်ပြီး ငှက်ဖျားရောဂါကို တိုက်ဖျက်ခဲ့ရာမှာတော့ ၂၀၀၀ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်ကြား ကာလတွေမှာ ငှက်ဖျားရောဂါကြောင့်သေဆုံးမှုဟာ ၄၇ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ 

ငှက်ဖျားရောဂါကို အမြစ်ပြတ်အောင်တိုက်ထုတ်နိုင်ဖို့အတွက် နိုင်ငံတိုင်းမှာ ဆေးဝါးက အစ လိုအပ်တဲ့ ပစ္စည်းတွေရှိနေဖို့လိုအပ်ပြီး တစ်ကမ္ဘာ လုံး အတိုင်းအတာ နဲ့ဆိုရင် ဘတ်ဂျတ် ဒေါ်လာ သန်း ၁၀၀ ထိ သုံးစွဲသွားမှာ ဖြစ်တယ် လို့ WHO ရဲ့ ငှက်ဖျားတိုက်ဖျက်ရေး စီမံကိန်း ခေါင်းဆောင် Mr.Alonso က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
 

Ref : Dailymail


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ