ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင် အရက်သောက်တာ ဟာ သန္ဓေသားကိုထိခိုက်စေနိုင်




ကိုယ်ဝန်ဆောင်တဲ့ ပထမဆုံး အပတ်မှာ မိခင်လောင်းတွေ ယမကာ သောက်သုံးခြင်းဟာ မမွေးရသေးတဲ့ ကလေးကို တစ်သက်လုံးစာအတွက် ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်ကာစ မှာတော့ အမျိုးသမီး အများစုဟာ အရက်က သန္ဓေသားနဲ့ဆိုင်တဲ့ ရောဂါ လက္ခဏာတွေဖြစ်စေနိုင်တယ်ဆိုတာ သတိမပြုမိကြပါဘူး။

Helsinki တက္ကသိုလ်မှာ ရှိတဲ့ သိပ္ပံပညာရှင်တွေဟာ ကြွက်တွေကို အသုံးပြုပြီးလေ့လာမှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။  အဲဒီအခါမှာ ယမကာဟာ မိခင်ရဲ့ ၀မ်းတွင်းက မမွေးသေးတဲ့ ကလေးတွေရဲ့ ဦးနှောက်ထဲမှာ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပြီး ထို ပြောင်းလဲမှုတွေဟာ အမြဲတမ်းအတွက် ဖြစ်တည်နေမှာဖြစ်သလို ကလေးရဲ့ အသက်ကြီးသွားလည်း ထို ပြောင်းလဲမှုက ကျန်နေဦးမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ပြီး ၃ ပတ် ကနေ ၆ ပတ် အတွင်း အရက်သောက်ခြင်းဟာ မမွေးရသေးတဲ့ ကလေးကို Foetal Alcohol Syndrome ဆိုတဲ့ သန္ဓေသားဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။

အရင်တစ်ခေါက်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု အရတော့ကိုယ်ဝန်ဆောင်နေစဉ် ယမကာ သောက်သုံးခြင်းဟာ မွေးလာမယ့်ကလေးကို မွေးရာပါကိုယ်အဂါင်္ချို့တဲ့သွားစေခြင်း နဲ့ သင်ကြားရေးမှာ ချို့တဲ့နေစေခြင်း လိုရောဂါလက္ခဏာတွေဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း သိပ္ပံ ပညာရှင်တွေဟာ ယမကာ က ဘာကြောင့် သန္ဓေသားကို ထိခိုက်စေနိုင်တာလဲ ဆိုတဲ့ အဖြေကိုတော့ အတိအကျ နားမလည်ကြသေးပါဘူး။

ဒီလေ့လာမှုကို သိပ္ပံပညာရှင်တွေက ကြွက်တွေကို အသုံးပြုပြီး အရင်ဆုံး စမ်းသပ်ခဲ့ကြရာ လူတွေမှာလိုပဲ အသွင် သဏ္ဍာန်တူတဲ့ Foetal Alcohol Syndrome ရောဂါလက္ခဏာကို ကြွက် သန္ဓေသားတွေမှာ ဖြစ်နေတာကိုတွေ့ရပါတယ်။ ထို ကြွက် သန္ဓေသား တွေမှာ ကြီးထွားမှုနှုန်း လျော့နည်းလာတာ ၊ မျက်နှာ နဲ့ အရိုးမှာ တူညီတဲ့ ထိခိုက်မှုတွေရှိလာတာ ကို တွေ့ခဲ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ