ဆောင်းတွင်းမှာသင့်အသားအရေချောမွေ့ပြီးကြည့်ကောင်းစေဖို့လျို့ဝှက်ချက် ခုနှစ်ခု


ဆောင်းတွင်းမှာသင်ဟာအသားအရေပျက်စီးခြောက်သွေ့တတ်သူတစ်ဦးဆိုရင်တော့ ဒီအတွက် အခုဖြေရှင်းစရာလေးတွေရှိလာပါပြီ၊ အပူချိန်ကျဆင်းသွားတာကြောင့် သင့်အသားအရေဟာ ပိုမိုလွယ်ကူစွာနဲ့ ခြောက်သွေ့ပျက်စီးတတ်ပြီး သင့်ရဲ့ လူနေမှုပုံစံနဲ့ အသားအရေအတွက်ပစ္စည်းတွေကသင့်ကိုကူညီပေးနိုင်ပါတယ်၊ အခုတော့ဒီလျို့ဝှက်ချက်ကလေးတွေကို Mirror ကဖော်ထုတ်ပေးလိုက်ပါပြီ၊

၁) သင့်ရဲ့ရေသောက်နေတဲ့အကျင့်လေးကိုပြောင်းလဲလိုက်ပါ


တစ်ရက်ကိုရေရှစ်ခွက်လောက်သောက်ဖို့ကြိုးစားသင့်ပြီး တတ်နိုင်သလောက် အရက်နဲ့ ကဖီးပါတဲ့ အရာတွေကိုသောက်တာ ရှောင်သင့်ပါတယ်၊ အဲ့ဒါတွေကသင့်ခန္ဓာကိုယ်က ရေဓာတ်ကိုဆုံးရှုံးစေလို့ပဲဖြစ်ပါတယ်။

၂) Moisturise နေ့တိုင်းလိမ်းပေးပါ၊


အသားအရေကို Moisturise နဲ့ ပုံမှန်လိမ်းပေးခြင်းကြောင့် သင့်အသားအရေအမြဲအစိုဓာတ်ရနေမှာဖြစ်ပြီး အသားအရေကျန်းမာရေးနဲ့ ခြောက်သွေ့ခြင်းတွေကို ကူညီပေးမှာဖြစ်ပါတယ်၊

၃) အသီးအရွက်များများစားပေးပါ


ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ တွေဟာ အာဟာရဓာတ်ကြွယ်ဝတာကြောင့် များများစားပေးခြင်းနဲ့ အသားအရေကိုအမြဲတမ်းစိုပြေ၀င်းပစေမှာပါ၊

၎) သင့်ရဲ့ စိတ်ဖိစီးမှုတွေကိုလျှော့ချပစ်ပါ


တချို့လူတွေအတွက် စိတ်ဖိစီးမှုတွေက အသားအရေကိုအနှောင့်အယှက်ဖြစ်စေတတ်ပါတယ်၊ ဒါကြောင့်သင်ဟာ အေးမြလှတဲ့ဆောင်းအချိန်အခါမှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ ဆေးပညာနည်းတွေနဲ့ ဖြေလျှော့ခြင်း တို့ကိုပုံမှန်ပြုလုပ်ပေးသင့်ပါတယ်၊

၅) Vitamin C မှီဝဲခြင်းကိုမြှင့်တင်ပါ


Vitamin C ကြွယ်ဝတဲ့ လိမ္မော်သီး၊ ရှောက်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီး၊ ငရုတ်သီးစိမ်း နဲ့ အာလူးတွေမှာ အသားအရေအတွက်အထောက်အကူပေးတဲ့ ကော်လာဂျင်တွေလည်းပါဝင်တာကြောင့်မှန်မှန်မှီဝဲသင့်ပါတယ်၊

၆) နေရောင်ခံလိမ်းဆေးလိမ်းပါ၊

တချို့တွေက ဆောင်းရာသီမှာ နေရောင်ခံလိမ်းဆေးလိမ်းစရာမလိုဘူးလို့ထင်တတ်ပါတယ်၊ နွေရာသီမှာတင်မဟုတ်ပဲ SPF 15 ပါဝင်တဲ့ နေရောင်ခံလိမ်းဆေးကို အမြဲလိမ်းသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ အင်္ဂလန်က အရေပြားကင်ဆာသုတေသနပြုမှုတွေအရ တိမ်ဖုံးတဲ့နေ့တွေမှာတောင် ခရမ်းလွန်ရောင်ခြည် ရာခိုနှုန်း ၃၀ကနေ၄၀အထိရှိနေတတ်လို့ပါ၊ ဒါကြောင့် နေရောင်ခံလိမ်းဆေးကို မျက်နှာတွေမှာနဲ့ တခြားနေရောင်ထိနိုင်တဲ့ အစိတ်အပိုင်း တွေမှာလိမ်းပြီးမှ အပြင်ထွက်သင့်ပါတယ်၊

၇) Vitamin B Riboflavin ကိုအသုံးပြုပါ


ဒီအရာကို တံထွေး၊ အနီရောင်အသား၊ ကြက်သား၊ ချိစ်၊ ဥအမျိုးမျိုး၊ မနက်ပိုင်းမှာစားတဲ့ Cereal တွေနဲ့ တဆေးတွေမှာတွေ့ရပါတယ်၊ Vitamin B Riboflavin သင့်ရဲ့ အသားအရေကို ကောင်းမွန်ချောမွေ့အောင်ပြုလုပ်နိုင်ပါတယ်၊ အခုတော့ Vitamin B Riboflavin ပါဝင်တဲ့ဆေးတွေ အလွယ်တကူ ၀ယ်ယူရရှိနိုင်နေပါပြီ၊


(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref : Mirror





မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ