ဆေးလိပ်သောက်ခြင်းကို တားမြစ်တာဟာ အခွန်အခ တိုးမြှင့်ကောက်ခံခြင်းထက် ပိုမိုထိရောက်




လေ့လာတွေ့ရှိချက်အသစ်တွေအရ စီးကရက်ရောင်းဝယ်ခြင်း အခွန်အခတွေကို တိုးမြှင့်ကောက်ခံခြင်းနဲ့ လူထူထပ်ရာနေရာတွေမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်ခြင်းဟာ ဆေးလိပ်သောက်သုံးတဲ့အကျင့်ကို လျော့ချတားမြစ်ဖို့ အကျိုးသက်ရောက်မှု ရှိသော်လည်း ဆေးလိပ်သောက်ခြင်းကို တားမြစ်တာဟာ လူတွေရဲ့အလေ့အကျင့်တွေကို ဖြေဖျောက်ပေးပြီး ဆေးလိပ်သောက်နှုန်းကို လျော့ကျစေနိုင်တယ်လို့ သိရှိရပါတယ်။

နည်းလမ်း ၂ မျိုးလုံးဟာ ဆေးလိပ်သောက်နှုန်းကို ထိထိရောက်ရောက် လျော့ကျစေနိုင်တာကိုတော့ Ohio State University မှ လေ့လာချက်အသစ်အရ သိရှိရပါတယ်။

နည်းလမ်း၂ ခုရဲ့ ခြားနားချက်ကတော့ အခွန်အခတိုးမြှင့် ကောက်ခံတာဟာ ပိုက်ဆံအပိုကုန်မှာဆိုးတဲ့အတွက် တစ်နေ့မှာ စီးကရက်တစ်ဗူးထက်ပိုမို သောက်တတ်တဲ့ သူတွေအပေါ် ပိုပြီး အကျိုးသက်ရောက်မှုရှိပါသတဲ့။ ဒါပေမယ့် ဆေးလိပ်နည်းနည်းပါးပါး သောက်တတ်သူတွေအတွက်ကတော့ သူတို့ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားခြင်းအားဖြင့် ဆေးလိပ်သောက်ခွင့်မပြုလို့ မသောက်ရတော့တဲ့အတွက် တဖြည်းဖြည်းနဲ့ ဆေးလိပ်သောက်နှုန်း ပိုမိုလျော့ကျလာနိုင်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်သောက်ခြင်းကို တားမြစ်ခြင်းမရှိတဲ့ မြို့တွေနဲ့ အခွန်အခတိုးမြှင့်ကောက်ခံခြင်း မရှိတဲ့ မြို့တွေမှာ ဆေးလိပ်သောက်သုံးနှုန်းက အမြင့်ဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ ဆေးလိပ်သောက်ခြင်း တားမြစ်ထားတဲ့ မြို့တွေရှိ လူဦးရေရဲ့ ၂၁ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ဖို့ ပိုမိုလျော့နည်းသွားကြောင်း တွေ့ရပါတယ်။ သာမန်ဆေးလိပ်သောက်သူတွေ အတွက်ကတော့ အခွန်အခတိုးမြှင့် ကောက်ခံခြင်းက အကျိုးသက်ရောက်မှု လုံးဝ မရှိပါဘူးတဲ့။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ