ထင်ရှားကျော်ကြားသူအမျိုးသမီး တော်တော်များများရဲ့ နောက်ပိုင်းကောက်ကြောင်းအလှတွေဟာ အတော်လေးကိုသိသာထင်ရှားစွာကြီးမားကြတာကိုတွေ့ရမှာပါ၊ အကုန်လုံးမဟုတ်ရင်တောင်မှ Kim Kardashian, Nicki Minaj နဲ့ Jennifer Lopez တို့လိုအမျိုးသမီးတွေဟာ လူတော်တော်များများကို သူတို့ရဲ့ နောက်ပိုင်းကောက်ကြောင်းအလှတွေနဲ့ ပိုမိုဆွဲဆောင်နိုင်ခဲ့ကြပါတယ်၊
ဒီလိုအမျိုးသမီးတွေကိုအစွဲပြုပြီးတော့ အမျိုးသမီးတော်တော်များများဟာ သူတို့ရဲ့နောက်ပိုင်းအလှတွေကိုခွဲစိတ်ပြုပြင်ဖို့အတွက် ၀ယ်လိုအားတွေများလာခဲ့တယ်လို့အမေရိကန်က Plastic Surgery ခွဲစိဆရာဝန်များအသင်း(ASPS) က ပြောပါတယ်၊ ခွဲစိတ်လိုသူတွေဟာ လွန်ခဲ့တဲ့နှစ်ကထက် ၄၄ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီးတော့ ယခုထိလည်းဆက်လက်မြင့်တက်နေဆဲပဲလို့ပြောပါတယ်၊
တင်ပါးနဲ့ ရင်သား ခွဲစိတ်ပြုပြင်တဲ့ ခွဲစိတ်မှုတွေဟာ ဒုတိယနဲ့ တတိယအမြန်ဆုံး တိုးတက်လာခဲ့တဲ့ခွဲစိတ်မှုတွေဖြစ်တယ်လို့ (ASPS) ကဆိုခဲ့တာပါ၊ အဆိုပါခွဲစိတ်မှုတွေအတွက်အသက်ကန့်သတ်ထားခြင်းမရှိပါဘူး၊ ၂၀၁၄ခုနှစ်မှာ ရင်သားနဲ့ တင်ပါးကို ပစ္စည်းထည့်သွင်းတဲ့ အသက်အရွယ်တွေက အသက်၂၀ကနေ၂၉နှစ်အထိက ၂၀ရာခိုင်နှုန်း၊ အသက် ၃၀ကနေ၃၉ထိက ၃၄ရာခိုင်နှုန်း နဲ့ အသက် ၄၀ကနေ ၅၄ အတွင်းက ၃၉ရာခိုင်နှုန်းအသီးသီး ရှိခဲ့ပါတယ်၊
နယူးယော့အခြေစိုက် ခွဲစိတ်ဆရာဝန် Dr. Matthew Schulman က Kim Kardishian ရဲ့နာမည်နဲ့ ဓာတ်ပုံတွေယူလာပြီး သူ့လိုမျိုးခွဲစိတ်ပေးဖို့ တောင်းဆိုကြကြောင်းဆိုပါတယ်၊ သူလိုမျိုး 'ငွေကုန်ခံပြီးကြီးမားလာစေတဲ့' ခွဲစိတ်မှုမျိုးလုပ်ကြတာဖြစ်တယ်လို သူကဆိုပါတယ်၊
သူတို့က ခွဲစိတ်မှုတွေကိုနာမည်တွေလည်းပေးထားကြပြီး Nicki Minaj ရဲ့တင်ပါးလိုမျိုးခွဲစိတ်မှုကို 'ကြီးမားပြီးပုံစံကျတဲ့တင်ပါး'၊ Jennifer Lopez လိုမျိုးခွဲစိတ်မှုကို 'ကြီးမားတဲ့ကြွက်သားတွေနဲ့တင်ပါး'၊ Sofia Vergara ရဲ့ပုံစံမျိုးကို 'အချိုးအစားကျနပြီးတောင့်တင်းတဲ့တင်ပါး'၊ Jessica Biel ရဲ့နောက်ပိုင်းပုံစံမျိုးခွဲစိတ်မှုကို 'လုံးဝန်းပြီးကောက်နေတဲ့တင်ပါး'၊ လို့နာမည်တွေပေးထားကြတာဖြစ်တယ်လို့ သိရပါတယ်၊
![]() |
Nicki Minaj |
Jennifer Lopez |
![]() |
Sofia Vergara |
Jessica Biel |
(Blue Lion)
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : Independent