သြစတျေးလျနိုင်ငံ၊ တက်စမာနီးယားပြည်နယ်တွင် ဆေးလိပ်သောက်သုံးခွင့်ပြုသည့်အသက်အရွယ်အား၂၅နှစ်သို့တိုးမြှင့်နိုင်


သြစတျေးလျနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ တက်စ်မာနီယားပြည်နယ်မှာ တရားဝင်ဆေးလိပ်သောက်ခွင့်ပြုတဲ့ အသက်အရွယ်ကို ၂၁ကနေ ၂၅နှစ်ထိတိုးမြှင့်နိုင်တယ်လို့သိရပါတယ်၊

တက်စ်မာနီးယားပြည်နယ် အစိုးရကျန်းမာရေးအဖွဲ့က အကြံပြုချက်တစ်ခုမှာ ဒီအစီအစဉ်ဟာ ပြည်နယ်ရဲ့ မြှင့်မားတဲ့ ဆေးလိပ်သောက်နှုန်းကို လျှော့ချနိုင်မှာဖြစ်တယ်လို့သိရပါတယ်၊

ဒီအစီအစဉ်ကို ပြည်နယ်ကျန်းမာရေးဝန်ကြီး Michael Ferguson ကတင်ပြခဲ့တာဖြစ်ပြီး ဒါဟာ လာမယ့်၂၀၂၅ခုနှစ်မှာ သြစတျေးလျနိုင်ငံရဲ့ ကျန်းမာရေးအကောင်းဆုံး ပြည်နယ်ဖြစ်လာဖို့မျှော်မှန်းထားတာဖြစ်ပါတယ်၊

Ferguson ကတော့ ဆေးလိပ်သောက်နှုန်းမြှင့်မားနေတာကို ကျွန်တော်တို့လက်မခံပါဘူးလို့ဆိုပါတယ်၊

ဒီကြေငြာချက်သာအောင်မြင်သွားရင် ဥပဒေဟာ နိုင်ငံတကာကိုပျံ့နှံ့သွားနိုင်ပြီး ဒီမတိုင်ခင်ကလည်း အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်တော်တော်များများမှာ အသက်နှစ်ဆယ့်တစ်နှစ်မှ ဆေးလိပ်သောက်ခွင့်ရှိတဲ့ ဥပဒေတွေကို ပြဌာန်းခဲ့ပါတယ်၊ မက်ဆာချူးဆက်ပြည်နယ်က နိဒ်ဟန်းမှာ ၂၀၀၅ခုနှစ်ကတည်းက သတ်မှတ်ခဲ့ပြီး နယူးယော့ခ်မြို့တော်မှာလည်း ၂၀၁၃မှာစတင်ခဲ့ပါတယ်၊ ဟာဝိုင်အီမှာလည်း လာမယ့်နှစ် ဇန်န၀ါရီလတစ်ရက်နေ့ကစပြီး အသက်၂၁နှစ်မှ ဆေးလိပ်သောက်ခွင့်ရှိတဲ့ ဥပေဒေစတင်အသက်ဝင်မယ်လို့သိရပါတယ်၊


(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Independent

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ