ပန်းဂေါ်ဖီစိမ်းက ကင်ဆာဆဲလ်တို့ ကြီးထွားမှုကို ရပ်တန့် စေ




ကလေးတွေကောလူကြီးတွေပါ ဟင်းသီးဟင်းရွက်စိမ်းတွေ စားပေးဖို့ တိုက်တွန်းထားပြီး အနည်းဆုံး တစ်နေ ကို အသီးအရွက်ငါးမျိုးစားပေးသင့်တယ်ဆိုတဲ့ စံနှုန်းတစ်ခုရှိပါတယ်။

အခုမှာတော့ သိပ္ပံပညာရှင်တွေရဲ့ တွေ့ ရှိချက်အရ ပန်းဂေါ်ဖီစိမ်းမှာပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ ကင်ဆာ ကို တားဆီးနိုင်ရုံမက၊ ကင်ဆာတိုက်ဖျက်မှုမှာလည်း အကူအညီပေးနိုင်တယ်လို့ သိရပါတယ်။

ဂေါ်ဖီမျိုးနွယ်တွေဖြစ်တဲ့ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ကွမ်းသီးကော်ဖီထုပ် နဲ့ ပန်းဂေါ်ဖီစိမ်းတို့ မှာပါဝင်တဲ့ Sulforaphane လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ အူမကြီးကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့် တားပေးနိုင်ကြောင်းလေ့လာတွေ့ ရှိခဲ့ရပါတယ်။

ဒီကင်ဆာတိုက်ဖျက်ပေးတဲ့ဒြပ်ပေါင်းမှာ ပန်းဂေါ်ဖီစိမ်းရဲ့ ရက်သားအရွယ်နုနယ်တဲ့အစို့ အညှောင့် တွေမှာအများဆုံး ပါရှိတဲ့အပြင် ၃-၄ ရက်သားသာရှိသေးတဲ့ပန်းဂေါ်ဖီစိမ်းအညှောင့်ကနေထုတ်ယူထားတဲ့  ဖြည့်စွက်ဆေးတွေမှာလည်း ပါဝင်ပါတယ်။

Texas A&M Health Science Center က သုတေသနပညာရှင်တွေက ဒီဖြည့်စွက်ဆေး ကို ကင်ဆာ ကာကွယ်ဖို့ နည်းလမ်းတစ်မျိုးအနေနဲ့ သုံးနိုင်သလို၊ အူမကြီးကင်ဆာတိုက်ဖျက်ရာမှာလည်း သုံးနိုင်တယ်လို့  သုံးသပ်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီဖြည့်စွက်ဆေးဟာ ကင်ဆာဆေးတွေပိုမိုထိရောက်ဖို့ အတွက် အထောက်အကူပြုတဲ့နေရာနဲ့  ကင်ဆာ မဖြစ်အောင်ကြိုတင်ကာကွယ်တဲ့နေရာမှာသာ သုံးနိုင်ပြီး၊ ကင်ဆာ ဓာတုကုထုံး ဒါမှမဟုတ် ရေဒီယိုဓာတ်ရောင်ခြည်နဲ့ ကုသမှုတွေနဲ့ တော့ အစားထိုးမသုံးသင့်ဘူးလို့ တော့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

သီးခြားလက်တွေ့ စမ်းသပ်မှုတွေမှာ အသက် ၅၀ ကျော်အရွယ် အူတွင်းအကြိတ်ဖြစ်ပေါ်မှုကို စမ်းသပ်ရှာဖွေမှု ခံယူနေသူပေါင်း ၂၈ ယောက်ပါဝင်ခဲ့ပြီး ထိုသူတွေရဲ့ ဂေါ်ဖီထုပ်နွယ်ဝင်ဟင်းသီးဟင်းရွက်စားသုံးမှုကို စစ်တမ်း ကောက်ယူထားခဲ့ပါတယ်။ ထို့ နောက် ဓာတ်ခွဲစမ်းသပ်မှုအဖြေထွက်လာတဲ့အခါမှာ ဂေါ်ဖီထုပ်ပိုစားတဲ့သူ တွေမှာ အကျိတ်ဖြစ်ပေါ်မှုထိန်းချုပ်ပေးတဲ့ p16 မျိုးဗီဇ ဖြစ်တည်မှုပိုများနေတာကို တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် သိပ္ပံပညာရှင်တွေဟာ sulforaphane ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးခြင်းက လူတွေရဲ့ မျိုးရိုးဗီဇကို အမှန်တကယ်ပြောင်းလဲစေနိုင်ပြီး အကြိတ်ဖြစ်ပေါ်မှုကို ခန္ဓာကိုယ်က ပိုမိုတားဆီးပေးနိုင် တယ်လို့ ကောက်ချက်ချခဲ့တာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Dailymail



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ