ဖခင်ရဲ့ ကိုယ်အလေးချိန်ဟာ ကလေးငယ်ရဲ့ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိနေ





ဆေးပညာနဲ့ ပတ်သက်ရင် ပြောစကားရှိတာကတေ သင်ဟာ သင် စားတဲ့ အတိုင်းဖြစ်တယ်ဆိုတာပါ။ ဒါပေမယ့် အခုပြန်ပြင်ပြောသင့်တာက သင့်အဖေ စားတာတွေက ပိုအရေးကြီးနေပါတယ်။

သုတေသန တစ်ခုက ပြသခဲ့တာကတော့ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်အလေးချိန်ဟာ သူ့ရဲ့ သုတ်ပိုးထဲက DNA မှာ သက်ရောက်မှုရှိနေပါတယ်။ အဲဒီ သက်ရောက်မှု ကတဆင့် ထောင်ပေါင်းများစွာသော ပြောင်းလဲမှုဟာ ထိုအမျိုးသားရဲ့ အနာဂါတ် ကလေးငယ် ကို လက်ဆင့်ကမ်းလွှဲပြောင်းပေးလိုက်တာဖြစ်တယ်ဆိုတာကို သုတေသန က ပြသနိုင်ခဲ့ပါတယ်။

ဝ တဲ့ အမျိုးသားတစ်ယောက်နဲ့ ပိန်တဲ့ အမျိုးသားတစ်ယောက် တို့ဟာ အာသီသ ထိန်းချုပ်နိုင်မှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေအပါအ၀င် သုတ်ပိုးထဲမှာ မျိုးရိုးဗီဇ ကွဲပြားခြားနားမှု ရှိပါတယ်။ ဒီ သုတေသနကနေ ရှင်းပြနိုင်ခဲ့တာက အ၀လွန်တဲ့ဖခင်တွေက မွေးတဲ့ ကလေးတွေဟာ ကိုယ်အလေးချိန် ပြဿနာကို အမြဲကြုံတွေ့နေရပြီး အလွန်ပိန်တဲ့ ဖခင်တွေကမွေးဖွားလာတဲ့ ကလေးတွေဟာ အထီးကျန်စိတ်ဝေဒနာ ကို ခံစားနေရတတ်တယ်ဆိုတဲ့ ပုံသေနည်းတစ်ခုကိုပါ။

ဒီလေ့လာမှုဟာ မျိုးရိုးဗီဇ ပေါင်း ၉၀၀၀ ခန့်ရဲ့ အာသီသ ထိန်းချုပ်နိုင်မှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေအပါအ၀င် ကွဲပြားခြားနားမှုတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ကောင်းတဲ့ သတင်းတစ်ခုကတော့ အဲဒီလို ဖခင်တွေကြောင့် ကလေးငယ်တွေမှာ ဖြစ်တဲ့ ပြောင်းလဲမှု ဟာ အမြဲတမ်းအတွက် တော့မဟုတ်ခဲ့ပါဘူး။ ယာယီအားဖြင့် သာ ပြောင်းလဲသွားတာဖြစ်ပါတယ်။

သုတေသီအဖွဲ့ဟာ ကိုယ်အလေးချိန် လျော့အောင် ခွဲစိတ်မှု ပြုလုပ်ထားတဲ့ အ၀လွန်သူ ၆ ယောက်ရဲ့ သုတ်ပိုးတွေကို ဆန်းစစ်လေ့လာခဲ့တဲ့အခါမှာ တော့ သူတို့ရဲ့ သုတ်ပိုးတွေဟာ ပိန်တဲ့လူတစ်ယောက်ရဲ့ သုတ်ပိုးမျိုးဖြစ်နေအောင် ဓါတုဗေဒနည်းလမ်းက ဖန်တီးပေးလိုက်ပါတယ်။

ဗြိတိန် ကျွမ်းကျင်သူတွေ သတိပေးခဲ့တာကတော့ ဒီလေ့လာမှုဟာ အမျိုးသား အရေအတွက် အနည်းငယ်ကိုသာ လေ့လာခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ပြောကြားချက်အရ ဒီလေ့လာမှုဟာ ရှုပ်ထွေးလေးနက်ပြီး အရေးကြီးတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ