ဆီးချိုသွေးချို ရောဂါ မဖြစ်ပွားစေဖို့ ဆေးလိပ်ဖြတ်ပါ




ဆေးလိပ်ဖြတ်လိုက်တဲ့သူတွေဟာ အမျိုးအစား ၂ ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ချေကို လျော့ကျသွားစေနိုင်တယ်လို့ သုတေသန တစ်ခုက အကြံပေးလိုက်ပါတယ်။

လူဦးရေ ၆ သန်းခန့်ကို စစ်တမ်းကောက်ယူခဲ့တဲ့ အချက်အလက်တွေအရတော့ ဆေးလိပ်သောက်ခြင်းနဲ့ ဆီးချိုသွေးချိုရောဂါဟာ ဆက်စပ်နေတယ်ဆိုတာကို သက်သေပြနိုင်တဲ့ ခိုင်လုံမှု တွေကို တွေ့ရှိခဲ့ကြပါတယ်။

အဲဒီလို ဆက်စပ်နေမှု ရဲ့ ခိုင်လုံတဲ့ သက်သေတွေကြောင့် ဆေးလိပ်သောက်ခြင်းကို လျှော့ချမှုဟာ ကမ္ဘာတစ်ဝှမ်းလုံးက ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားမှု အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု တွေဖြစ်လာစေခဲ့တယ်လို့ သုတေသီတွေကဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ သုတေသန အဖွဲ့ဟာ ဆေးလိပ်သောက်ခြင်း နဲ့ ဆီးချိုသွေးချိုရောဂါ အပေါ်မှာ လေ့လာမှု ၈၈ ခုထိ ပြုလုပ်ခဲ့ကြပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ကြတာကတော့ ဆေးလိပ်မသောက်တတ်သူတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် လက်ရှိဆေးလိပ်သောက်တတ်သူတွေဟာ  ဆီးချိုသွေးချို ရောဂါ ဖြစ်လာဖို့အတွက် ၁.၄ ဆ ပိုမို ပြီး ဖြစ်နိုင်ချေရှိနေပါတယ်။ ဆေးလိပ်ဖြတ်လိုက်ပြီး နှစ်အနည်းငယ်ခန့်အကြာမှာတော့ ဆီးချိုသွေးချို ဖြစ်ပွားနိုင်ချေဟာ ၁.၅ ဆ လျော့ကျသွားတာကို တွေ့ရပြန်ပါတယ်။

ထို သုတေသန က ထပ်မံ ဖော်ပြနိုင်ခဲ့တာက ဆေးလိပ်သောက်ခြင်းဟာ ဆီးချိုသွေးချိုရောဂါကို တိုက်ရိုက်ဖြစ်ပေါ်စေနိုင်တာတော့မဟုတ်ပါဘူး။ ပျမ်းမျှအားဖြင့်တော့ ကမ္ဘာ့ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားနေမှု မှာ အမျိုးသား ၁၂ ရာခိုင်နှုန်းသာ ဆေးလိပ်သောက်ခြင်းကြောင့် ဆီးချိုသွေးချို ရောဂါ ဖြစ်ပေါ်ခဲ့ပြီး အမျိုးသမီး ၂ ရာခိုင်နှုန်းသာ စီးကရက်သောက်ခြင်းကြောင့် ဆီးချိုသွေးချို ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

စီးကရက်သောက်ခြင်းကြောင့် တိုက်ရိုက် ဖြစ်ပေါ်နိုင်တာကတော့ နှလုံးသွေးကြောကြဉ်း တဲ့ရောဂါ သာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : BBC

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ