နို့တိုက်မိခင်တွေ ဇင့်ဓာတ်အားနည်းရင် ကလေးငယ်တွေကို နို့တိုက်ကျွေးရာမှာ အခက်အခဲရှိနိုင်




ဇင့်ဓာတ်အားနည်းတဲ့ အမျိုးသမီးတွေဟာ ကလေးငယ်တွေကို နို့တိုက်ကျွေးရာမှာ အခက်အခဲတွေဖြစ်နိုင်တယ်လို့ သူတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဒါဟာ မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲမှုတွေကြောင့်ဖြစ်တယ်လို့ Penn State တက္ကသိုလ်ရဲ့ လတ်တလော လေ့လာမှုတွေအရတွေ့ရပါတယ်။

 ZnT2 လို့ အမည်ရတဲ့ ပရိုတိန်းဓာတ်ထဲမှာ ပါဝင်တဲ့ ဇင့်သယ်ပို့တဲ့ဓာတ်ဟာ  ဇင့်ဓာတ်ကို ပြောင်းလဲပေးတဲ့နှုန်းပေါ်မှာ မူတည်ပြီး  မိခင်ရဲ့ နို့ဂလင်းတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိနေတာကို တွေ့ရှိခဲ့ကြတာပါ။ ဒီနှုန်းဟာ အမျိုးသမီးတွေရဲ့ ဗီဇပြောင်းလဲပေါ်နိုင်မှုပေါ်မှာလည်း မူတည်လျက်ရှိပါတယ်။

ဇင့်ဓာတ်ဟာ နို့ဂလင်းတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးတဲ့ ဓာတ်တစ်မျိုးပါ။ ဇင့်ဓာတ်ဟာ နို့တွေကို စစ်ထုတ်ပေးတဲ့ လမ်းကြောင်းတွေကို ဖွင့်ပေးပြီး မိခင်ဖြစ်သူဟာ ဇင့်ဓာတ်အားနည်းနေမယ်ဆိုရင်တော့ နို့တိုက်ဖို့အတွက် ပိုမိုခက်ခဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဇင့်ဓာတ်အားနည်းတဲ့ အမျိုးသမီးတွေကတော့ သူတို့ကိုနို့တိုက်ခဲ့တဲ့ မိခင်တွေကို ပိုမိုသတိတရ ဖြစ်နေမှာလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီလို နို့မထွက်တဲ့ ပြဿနာဟာ မိခင် အမျိုးသမီးထုရဲ့ သုံးပုံတစ်ပုံမှာ ဖြစ်ပေါ်နေခဲ့ပြီး လာမယ့် အနာဂတ်မှာတော့ မိခင်လောင်းတွေအတွက် အဓိက ကျန်းမာရေးပြဿနာတစ်ခုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

နို့တိုက်ကျွေးမိခင် ၅၄ ယောက်ကို ခေါ်ယူပြီး သုတေတနပြုခဲ့ရာမှာတော့ ၃၆ ရာနှုန်းသော မိခင်တွေဟာ ZnT2 ဓာတ်ပြောင်းလဲမှု အဆင့်တစ်ကြိမ်နှုန်းလောက်သာ ရှိတာကို တွေ့ခဲ့ရပါတယ်။  ဓာတ်ပြောင်းလဲမှု တစ်ကြိမ်သာဖြစ်ပေါ်ခဲ့တဲ့ ၇၉ ရာနှုန်းသော မိခင်တွေဟာ ဇင့်ဓာတ်အလွန်နည်းပါးလျက်ရှိပြီး   ဓာတ်ပြောင်းလဲမှုများပြားတဲ့မိခင်တွေကတော့ ဇင့်ဓာတ် အမြင့်ဆုံးအနေအထားတစ်ရပ်ကို ရောက်နေတာကို တွေ့ခဲ့ရပါတယ်။


( Paing A K )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ