ဆီးကျိတ်ကင်ဆာ သေဆုံးမှု လျော့ချနည်း


ဘ၀၏ အချိန်တစ်ခုရောက်သည့်အခါ အမျိုးသား ၇ ဦးတွင်တစ်ဦးနှုန်းသည် ဆီးကျိတ်ကင်ဆာဖြစ် တတ်ကြသည်။

လေ့လာမှုတစ်ရပ် အရ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ဆီးကျိတ်ကင်ဆာဖြင့် သေဆုံးမှုနှုန်းကိုလျော့ချပေး ကြောင်း သိရသည်။

တစ်နေ့ကို လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးနင်းခြင်းကို မိနစ် ၂၀ခန့်ပြုလုပ်ပေးခြင်းဖြင့် ဆီးကျိတ်ကင်ဆာ ဖြင့်သေဆုံးခြင်းကို လျော့ချပေးကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။

ဆွီဒင်ရှိ Stephanie Bonn of the Department of Medical Epidemiology  နှင့် Biostatistic of the Karolinska Institute  မှ သုတေသီ များသည် သူတို့၏တွေ့ရှိချက်များကို Cancer Epidemiology,Biomarkers and prevention  ဂျာနယ်တွင် ထုတ်ဝေခဲ့သည်။

အမေရိကန်ကင်ဆာအဖွဲ့ အစည်း၏ထုတ်ပြန်ချက်အရ ယခု နှစ်တွင် ဆီးကျိတ်ကင်ဆာလူနာ ၂၃၃၀၀၀ တွေ့ရှိရမည်ဖြစ်ပြီး ၃၀၀၀၀ သည် သေဆုံးလိမ့်မည်ဟု ခန့်မှန်းထားသည်။

လေ့လာမှုအတွက် ဆွီဒင်ဆီးကျိတ်ကင်ဆာ ဌာနမှ လူနာ ၄၆၂၃ဦးကို လေ့လာခဲ့သည်။

လေ့လာမှုအရ တစ်နေ့ကို လမ်းလျှောက် ခြင်း သို့မဟုတ် စက်ဘီးနင်းခြင်း မိနစ် ၂၀ခန့် ပြုလုပ်ပေးခြင်းဖြင့် ဆီးကျိတ်ကင်ဆာဖြင့် သေဆုံးခြင်းကို ၃၀ရာခိုင်နှုန်းအထိ လျော့ချ ပေးကြောင်း သိရှိရသည်။

မာဃ
Ref:MNT
Health Updates Journal No. 150

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ