ပန်းနာ ရင်ကျပ်ခြင်းနှင့် သက်သာ ပျောက်ကင်းစေမည့် ဆေးများ


ပန်းနာရင်ကျပ် ရောဂါဆိုသည်မှာ အဆုတ် လေပြွန်ငယ်များ ကျဉ်းမြောင်းသွားသည့် အတွက် အသက်ရှူရ ခက်ခဲသော ရောဂါတစ်မျိုး ဖြစ်တယ်။

သာမန်အချိန်၌ ရှူသွင်းလိုက်သော လေသည် အတားအဆီး မရှိဘဲ အဆုတ်အတွင်း ဝင်ရောက်နိုင်သော်လည်း ပန်းနာထချိန် တွင် လေပြွန်ငယ် များ ရောင်ခြင်း၊ကြွက်သားများ ကြံ့ခိုင်ခြင်း ချွဲသလိပ်များ ထွက်ခြင်းကြောင့် လေပြွန် ကျဉ်းမြောင်း ပိတ်ဆို့ပြီး လေရှူသွင်း မှုကို ခက်ခဲစေသည်။

အမြစ်ပြတ်ဖို့- အမြစ်ပြတ်အောင် ကုသဖို့ မလွယ်ပါ။ သို့သော် ယခု ထွက်ရှိလာသော စားဆေး၊ရှူဆေးများသည် သန်းပေါင်း များစွာသော လူအများကို ပန်းနာရောဂါ ထိန်းချုပ်နိုင်ပြီး သာမန်လူတစ်ယောက်လို နေ့စဉ်ပုံမှန် လုပ်ငန်း လုပ်ကိုင်နိုင်စေကာ အလုပ်မပျက် ရင်ကျပ်လျက်ပင် လုပ်ကိုင် နိုင်ပါသည်။

ပန်းနာရင်ကျပ် ဆေးဝါးမှာ နှစ်မျိုးရှိပါတယ်။ ရှူဆေးနှင့် စားဆေးဟူ၍ ခွဲထားသည်။ (၁) လေပြွန် ကျယ်စေသော ဆေး၊ (ဥပမာ-ဗင်တိုလင်ကို ပန်းနာထစဉ်မှာ သုံးတယ်။) လေပြွန် ကျယ်စေသည့်အတွက် အသက်ရှူ ခက်ခဲခြင်းနှင့် ရင်ကျပ်ခြင်းကို ချက်ချင်း သက်သာစေသည်။ ကာကွယ်ဆေးကို အမြဲပုံမှန် သုံးသင့်သည်။

ပန်းနာထခြင်းကို အခြေခံသည့် လေပြွန်ရောင်ခြင်းကို လျော့စေပြီး လေပြွန်ကျယ်ခြင်းကို ကြာရှည် ထိန်းထားနိုင်သည့် အတွက် ပန်းနာထခြင်းမှ ကာကွယ်ပေးသည်။

ပန်းနာ ကုသဆေးသည် စောစောစားလေ ကောင်းလေဖြစ်သည်။ စောစောကုလျှင် လူပင်ပန်းသက်သာသည်။ ရှူဆေးကို သုံးသင့်သည်။

ကုသခြင်း ဆိုရာ၌ ပန်းနာရောဂါ သည် ရေရှည် ကုသဖို့ လိုအပ်သည်။ လေပြွန်ပေါ်မှာ အကျိုး သက်ရောက်မှု ရှိပြီး တခြားမှာ အာနိသင် မသက်ရောက်စေ သည့် ရှူဆေးသုံးဖို့ လိုသည်။ ပမာဏအနည်းငယ်သာ လိုအပ်တဲ့နေရာ အတွက် အနည်းငယ် ရှူထုတ်ခြင်းဖြင့် ပန်းနာရောဂါ လျင်မြန်စွာ ထိန်းချုပ်နိုင်သည်။ ဆေးသုံးရသည့် ပမာဏ ဘေးထွက်ဆိုးကျိုးကို ကြည့်ပြီး ကိုယ်နဲ့တည့်မည့် ရှူဆေးကို ဆောင်ထားရမည်။

ကုသမှု ရပ်ဆိုင်းလျှင် ပိုးသတ်ဆေး ပါဝင်ပါက ဆေးယဉ်ပါးမှု ဖြစ်တတ်သည်။ တစ်ခါတလေ နဂိုကထက် ပိုဆိုးတတ်ပါသည်။ ကုသရသည် မှာ ငွေကုန်ကြေးကျ များသည်ထက် လူထိခိုက် ပင်ပန်းသည်။ ထို့ကြောင့် ဆရာဝန်နှင့် စမ်းသပ်ပြီး ညွှန်ကြားချက် အတိုင်း ဆာဗျူတမော ရှူဆေးနှင့် စားဆေး၊ ချွဲပျော်ဆေး ဘိုင်ဆိုဗင်၊ ပိုးသတ်ဆေး အမောက်ဆလင် ဆေးသုံးမျိုးကို သုံးကြိမ်နှင့် လေးကြိမ် ခုနစ်ရက် တိုက်ကျွေးပါ။ ဆိုးရင် ရှူဆေး တစ်ချက် သို့မဟုတ် နှစ်ချက်ရှူပေးပါ။ လူများသည့် ပွဲလမ်းသဘင်နှင့် ရာသီဥတု ဆိုးလျှင် အပြင်မထွက်သင့်ပါ။ ။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ