ကြက်ဟင်းခါးသီး


ကြက်ဟင်းခါးသီးသည် သွေးကို သန့်စင်ပြီး အရေပြားရောဂါ၊ အရေပြားပိုးဝင်ခြင်း၊ နှင်းခူနှင့် ယားနာမှိုစွဲသောရောဂါတွေကို ကုသရာတွင် အထောက်ကူပေးသည်။ ထို့အပြင် မျက်စိပြဿနာကို ကင်းဝေးစေပြီး အမြင်အာရုံ တိုးတက်ကောင်းမွန်စေသည်။ ကြက်ဟင်းခါးသီးသည် အရက်ကြောင့်ဖြစ်သော အသည်းရောဂါကို ကုသနိုင်ပြီး အသည်းကို သန့်စင်စေသည်။ ရေယုန်ဗိုင်းရပ်စ်ကုသရာမှာ ကြက်ဟင်းခါးသီးကို အသုံးပြုကြသည်။ ထို့အပြင် ဆိုရီယေးဆစ်(စ်)ဟုခေါ်သော အရေပြားရောဂါကို ပျောက်ကင်းစေပါသည်။

ခန္ဓာကိုယ်မှာ ရောဂါခုခံအားရှိလားအောင် ဆောင်ရွက်ပေးသည်။ ထို့ကြောင့် ကင်ဆာရောဂါကို ကာကွယ်တားဆီးပေးနိုင်သည်။ ထို့အပြင် ကြက်ဟင်းခါးသီးမှာ ယောင်ရမ်းမှုလျော့ကျစေသော အာနိသင်ရှိသဖြင့် လိပ်ခေါင်းရောဂါကို သက်သာစေသည်။ ခန္ဓာကိုယ်အပူချိန်ကို လျော့ချပေးပြီး အစာချေဖျက်နိုင်အောင် ကူညီပေးသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (ANTIOXIDENT) များစွာပါသဖြင့် ရောဂါဖြစ်စေနိုင်သော ဖရီးရက်ဒီကယ်လ်တွေကို တွန်းလှန်ပေးသည်။ ကြက်ဟင်းခါးသီးသည် ခုခံအားကျဆင်းရောဂါ(HIV)၊ ဆီးချိုသွေးချိုရောဂါနှင့် ခုခံအားနည်းရောဂါတို့ကို ကာကွယ်ကုသရာမှာ များစွာအထောက်အကူပေးနိုင်သည်။ ထို့အပြင် ဒူးနာ၊ ခါးနာ၊ ခြေထောက်နာရောဂါများနှင့် လေရောဂါတို့ကိုပါ ကုသရာတွင် အစွမ်းရှိသည်။

ကြက်ဟင်းခါးသီးကိုစားလျှင် အကြောတက်တတ်သည်။ သို့ရာတွင် အစေ့ညှာတိုင်နှင့် အစေ့တွေကိုဖယ်ရှားပြီး အသားကိုစားလျှင် အကြောမတက်တော့ချေ။ ကြက်ဟင်းခါးသီးကို များများစားလျှင် ကယ်လ်စီယံ စုတ်ယူမှုအားကို ထိခိုက်စေနိုင်သဖြင့် နေ့စဉ် သို့မဟုတ် မကြာမကြာ အသီး၏ ၄-ပုံ ၁-ပုံခန့်သာ စားသင့်သည်ဟုသိရသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကြက်ဟင်းခါးသီး ကိုများများစားလျှင် ကိုယ်ဝန်ပျက်ကျတတ်သည်။

ဆေးဘက်ဝင်စေဖို့ ကြက်ဟင်းခါးသီးကိုပါးပါးလှီးပြီး အစိမ်းအတိုင်း(မချက်ပြုတ်ဘဲ) စားသင့်သည်။ ကြော်လှော်စားချင် လျှင်တော့ နူးရုံသာ ချက်ပြုတ်သင့်သည်။ ကြက်ဟင်းခါးသီးနှင့် မတည့်သော အသီးအနှံများမှာ မှိုနှင့် ကြက်သားတို့ဖြစ်သည်။ အကြောတက်၊ အော့အန်တတ်သည်။

မှတ်ချက်။ စာရေးဆရာ ဒေါက်တာချစ်၊ B.Sc. Ag; Ph.D.(Ag.Sc) ထပ်ဆင့် အမျိုးသားစာပေဆုရ ရေးသားသည့် “ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့” အတွဲ(၂) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ