ကားမှတ်တိုင်တွင် အိပ်နေသူကိုသားမယားပြုကျင့်ရန်ကြံစည်သူ ၀ိုင်းဝန်းဖမ်းဆီး

ထွန်းလင်း၊ ရန်ကုန်၊ မေ-၆

ကားမှတ်တိုင်နောက်တွင်ခြင်ထောင် ထောင်အိပ်နေသူကို
သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်သူအား ၀ိုင်းဝန်းဖမ်းဆီးမှု မေ၅
ရက် နံနက်၁နာရီ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နေ (၃၅)
နှစ် အရွယ် အမျိုးသမီးတစ်ဦးကသက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာတွင် မိမိ
နှင့် (၁၂) နှစ်အရွယ် တူမတို့ လသာမြို့နယ် ဗိုလ်ချုပ်လမ်းကားမှတ်တိုင်
နောက်တွင် ခြင်ထောင်ထောင်၍အိပ်နေစဉ် အမည်မသိ လူငယ်
တစ်ဦးခြင်ထောင်ထဲသို့ရောက်ရှိလာပြီး တူမဖြစ်သူအား သားမယား
ပြုကျင့်ရန် ကြံစည်နေသည်ကို တွေ့ရသဖြင့် ပတ်ဝန်းကျင်သို့ အကူအညီ
တောင်းဖမ်းဆီးခဲ့သည်။

အဆိုပါလူငယ် မှာ လှိုင်သာယာမြို့နယ်နေ ဇော်မင်းကို (၂၆) နှစ်
ဖြစ်ကြောင်း သိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

လသာမြို့မ ရဲစခန်းမှ (ပ)၁၂၅/၂၀၁၄၊ ပြစ်မပုဒ်မ- ၃၇၆/
၅၁၁ အရ အမှုဖွင့်အရေးယူထားသည်။

ထွန်းလင်း

စံတော်ချိန် နေ့စဉ်သတင်းစာ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ