ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် ယာဉ် (၁)စီးမီးလောင်မှုဖြစ်

ရန်ကုန်၊ မေ ၇

၇.၅.၂၀၁၄ရက်နေ့ ၁၃၁၀အချိန်တွင် ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်၊ ကိုယ့်မင်း ကိုယ့်ချင်းရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်း မပေါ်တွင် ယာဉ်(၁)စီးမီးလောင်နေကြောင်းသတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းမပေါ်၌ ကမ္ဘောဒီးယားနိုင်ငံသူ Mrs.DONA၊ (ဘ)Mr.NORA မောင်းနှင်လာသော ၇င/---ပရိုဘောက်မီးခိုးရောင်ကိုယ်ပိုင်ယာဉ်သည် ကမ္ဘာအေး ဘုရားလမ်း အတိုင်း ရွှေဂုံတိုင်ဂုံးကျော်တံတားဘက်မှ ကုက္ကိုင်းမီးပွိုင့်ဘက်သို့ မောင်းနှင်လာစဉ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အလူမီနီယံဆိုင်ရှေ့အရောက်၌ အင်ဂျင်ခန်းအတွင်းရှိဝါယာကြိုးများအပူလွန်ကဲရာမှ ၁၃၀၀ အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၃၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူ Mrs.DONA အား ဗဟန်းမြို့မရဲစခန်း (ပ)၁၈၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ