အဖော်အချွတ် ဇာတ်ဝင်ခန်းများ ရှောင်ရှားခြင်းအပေါ် ဂျက်ဆီကာအယ်လ်ဘာ ဖွင့်ဟ

သူမအနေဖြင့် အဖော်အချွတ် ဇာတ်ဝင်ခန်းများကို ရှောင်ရှားရသည့် အကြောင်းရင်းမှ အဖိုးအဖွားများကြောင့်ဟု ဂျက်ဆီကာ အယ်လ်ဘာက ဖွင့်ဟခဲ့သည်။ အသက်(၃၃)နှစ်ရှိ အမေရိကန် မင်းသမီးသည် ကင်မရာများ ရှေ့မှောက်တွင် ဝတ်လစ်စားလစ် ရှိနေသည့် ဇာတ်ဝင်ခန်းမျိုးကို အမြဲတစေ ရှောင်ဖယ်နေခဲ့သည်။ ဇွန်လထုတ် Glamour မဂ္ဂဇင်းနှင့် အင်တာဗျူး အစီအစဉ်တွင် ထိုကိစ္စအပေါ် မေးမြန်းသည့်အခါ ဂျက်ဆီကာက အဖိုးအဖွားများအတွက် အမြင်မသင့်တော်ဟု ယူဆ၍ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ကယ်လီဖိုးနီးယား ဇာတိဖွား ဂျက်ဆီကာသည် ဘာသာတရား ကိုင်းရှိုင်းသည့် မိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး သူမဘဝတွင် ချစ်သူနှစ်ဦးသာ ထားခဲ့ဖူးကြောင်း၊ တစ်ဦးမှာ လက်ရှိခင်ပွန်း ကက်ရှ်ဝါရန်ပင် ဖြစ်ကြောင်းလည်း ဖွင့်ဟခဲ့သည်။ ဂျက်ဆီကာသည် ယခင်က NCISစတား မိုက်ကယ်ဝီသာလေနှင့် (၃)နှစ်ကြာ တွဲခဲ့ဖူးပြီး ၎င်းနှင့်မတွေ့မီ အသက်(၁၉)နှစ်ထိ သူမ၏ အပျိုစင် ဘဝကို ထိန်းသိမ်းထားခဲ့ကြောင်းလည်း ဝန်ခံခဲ့သေးသည်။

“အချစ်ရေးဆိုတာ အခက်အခဲတွေတော့ ရှိတတ်တာပါပဲ။ မိုက်ကယ်က ကျွန်မထက် အသက်အများကြီး ကြီးတယ်။ ဒီတော့ အမြင်ကွဲလွဲမှုတွေ ရှိတယ်။ ဒါပေမဲ့ သူနဲ့ပတ်သက်လို့ ကျွန်မအနေနဲ့ ဘာမှတော့ ထုတ်ပြောလေ့ မရှိခဲ့ဘူးလေ”ဟု ဂျက်ဆီကာက ဆိုသည်။ သူမသည် မိုက်ကယ်ထက် အသက်(၁၂)နှစ်မျှ ပိုငယ်သည်။ လက်ရှိအိမ်ထောင်နှင့်မူ (၆)နှစ်မျှ ကြာမြင့်နေပြီဖြစ်ပြီး သမီးလေး နှစ်ဦးကိုပင် ဖွားမြင်ထားခဲ့ပြီ ဖြစ်သည်။

ညှို့ဓာတ်ပြင်းပြသည့် မင်းသမီးတစ်လက်အဖြစ် သတ်မှတ်ခံရသည့်တိုင် အဖော်အချွတ် ဇာတ်ဝင်ခန်းများကို အမြဲလိုလို ရှောင်ရှားခြင်းနှင့် ပတ်သက်ပြီးမူ ဂျက်ဆီကာက “ကျွန်မရဲ့ ရင်သားတွေကို ကျွန်မအဖိုးနဲ့အဖွား မြင်သွားတာမျိုး မဖြစ်စေချင်ဘူး။ အဓိကကတော့ ဒါပါပဲ။ ခရစ္စမတ်မှာ မိသားစုတွေ ဆုံကြတဲ့အခါ ဂွတီးဂွကျ ဖြစ်မနေချင်ဘူးလေ”ဟု ပြောကြားသွားခဲ့သည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ