စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါအန္တရာယ်ပိုများစေ

 ဒေါသ၊ စိုးရိမ်စိတ်နှင့် စိတ်ဓာတ် ကျဆင်းခြင်းများမှာ နှလုံးလုပ်ဆောင်ချက်ကို ထိခိုက်စေရုံသာ မကဘဲ နှလုံးရောဂါ အန္တရာယ်ကိုလည်း ပိုများလာစေသည်။

လေဖြတ်ခြင်းနှင့် နှလုံးရောဂါတို့မှာ နှလုံးနှင့်ဦးနှောက်သို့ စီးဆင်းသည့် သွေးကြောများ ရေရှည်ပျက်စီးမှု၏ အဆုံးသတ်အခြေအနေဖြစ်ပြီး ယင်းအခြေအနေကို သွေးလွှတ်ကြောရောဂါဟု ခေါ်သည်။

ခန္ဓာကိုယ်အတွင်း ပရိုတင်းဓာတ်ထုတ်လုပ်သော ဆဲလ်များရောင်ရမ်းမှု ဖြစ်စေနိုင်သည့် ဓာတုဗေဒပစ္စည်းပါဝင်မှု မြင့်မားလာချိန်တွင် ပင်မနှလုံးသွေးကြောရောဂါ ဖြစ်ပေါ်သည်။

မကောင်းသော စိတ်ခံစားမှုများဖြစ်ပေါ်ခြင်းကြောင့် ပင်မနှလုံးသွေးကြောရောဂါနှင့် နှလုံးသွေးကြောများနှင့်ဆိုင်သော ရောဂါများအတွက် အန္တရာယ် ပိုများလာစေပြီး ခန္ဓာကိုယ်ထဲရှိ ဓာတုဗေဒပစ္စည်း ပမာဏလည်း ပိုများလာစေသည်။

စိတ်ဖိစီးမှုနှင့် မကောင်းသော စိတ်ခံစားချက်များ ဖြစ်ပေါ်နေချိန် တွင် ဦးနှောက်သက်ဝင်လှုပ်ရှားမှု ပိုမြင့်မားကြောင်း ပြသသူများ၏ ခန္ဓာကိုယ်တွင် ရောင်ရမ်းတော့မည့် ပရိုတင်းဓာတ်ထုတ်လုပ်သော ဆဲလ်များအနက် တစ်ခုဖြစ်သည့် သွေးဖြူဆဲလ် (၆)၏ သွေးပမာဏကို တိုးလာစေသည်။ လည်ပင်းတွင်ရှိသော သွေးလွှတ်ကြောနံရံကိုလည်း ပိုထူလာစေသည်။ ယင်းသွေးလွှတ်ကြော နံရံထူလာပါက ပင်မနှလုံးသွေးကြောရောဂါဖြစ်နိုင်သည်။

စိတ်လှုပ်ရှားမှုဖြစ်စဉ်အတွင်း မြင်တွေ့ရသည့် ဦးနှောက်အလုပ်လုပ်ပုံနှင့် ပင်မသွေးလွှတ်ကြောရောဂါလက္ခဏာများကြား ယင်းရောင်ရမ်းမှုအဆင့်မှာ ဆက်နွှယ်မှုရှိကြောင်း သိရသည်။

ယခုလေ့လာတွေ့ရှိချက်ကို Biological Psychiatry ဂျာနယ်တွင်ဖော်ပြထားသည်။ —Ref: Internet

7DAY DAILY

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ