လက်မှတ် တစ်စောင် ၁၅ သိန်းပေးရမည့် ကမ္ဘာ့နာမည်ကြီး ကိုရီးယား အဆိုတော်များပါသည့် ရှိုးပွဲ မြန်မာပြည်တွင် ပြုလုပ်တော့မည်

  လာမည့် ဇူလိုင်လ အတွင်းတွင် မြန်မာ နိုင်ငံ၌ လက်မှတ်ဈေးနှုန်း အမြင့်ဆုံးနှုန်းဖြင့် ရှိုးပွဲတစ်ခု ပြုလုပ်ကျင်းပရန်ရှိပြီး ကမ္ဘာ့ နာမည်ကြီး အဆိုတော်အဖွဲ့  လာရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း ဘိုဘိုမြူးဇစ်အင်တာ တိန်းမန့် မှ ကိုဘိုစန်းက ပြောသည်။

ယင်း ဖျော်ဖြေပွဲကို ဘိုဘိုမြူးဇစ် အင်တာတိန်းမန့်မှ စီစဉ်ခြင်း ဖြစ်ပြီး ပွဲကျင်းပရန် ပါမစ်များလည်း ရနေပြီဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့က ဒီပွဲကို အစောကြီး ကတည်းက လုပ်ဖို့ စီစဉ်ထားတာပါ။ လော လောဆယ်ဆိုရင် ခုနစ်လပိုင်းလောက်ပေါ့ နော်။ လက်ရှိကမ္ဘာမှာ နာမည် အကြီးဆုံး အဖွဲ့ တစ်ဖွဲ့ ကို ခေါ်ထားပါတယ်။ ကိုရီးယား ကပဲ ဖြစ်မှာပါ။ ပါမစ် ကျပြီးပေမယ့် အာမခံတွေ စောင့်နေရသေးတယ်။ ပြည်တွင်း အဆိုတော် တွေလည်းပါမယ်။ ဒါကို ကျွန်တော်တို့ က လုပ်ပြချင်စိတ် တစ်ခုတည်းနဲ့ လုပ်မှာပါ။ လက်မှတ်ဈေးနှုန်းကတော့ ဈေးကြီးမယ်။ မထင်မှတ်ထားတဲ့ ဈေးနှုန်း ပေါ့၊ (၁၅) သိန်း လောက် မှန်းထားတယ်။ အခုက ပွဲကုန်ကျ စရိတ်ကိုတော့ တွက်နေတုန်းပဲ။ တစ်ရာမှာ (၉၉) ရာခိုင်နှုန်းက သေချာသွားပြီ။ အာမခံကြေး တွေ။ Sound System တွေက ရှိသေး တယ်။ အားလုံး ညှိပြီးရင် လုပ်မှာပါ ဟု ကိုဘိုစန်း ကပြောသည်။ဘိုဘိုမြူးဇစ် အင်တာတိန်းမန့်သည် ယခင်က လည်း ဂျပန်နိုင်ငံရှိ နာမည်ကြီး အကအဖွဲ့  ဖြင့် ပွဲစီစဉ် ကျင်းပခဲ့ခြင်း များ ရှိကြောင်း သိရသည်။

The Messenger

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ