နိုက်ဂျီးရီးယား ကျောင်းသူများ လွတ်မြောက်ရေး အီရီနာ၏တောင်းဆိုမှု ဝေဖန်ခံရ

နိုက်ဂျီးရီးယား ကျောင်းသူများ လွတ်မြောက်ရေး အီရီနာ၏တောင်းဆိုမှု ဝေဖန်ခံရ အဖော်အချွတ် ဓာတ်ပုံရိုက်ချက်များဖြင့် နာမည်ကြီးသည့် အီရီနာ အနေဖြင့် ယခုတစ်ကြိမ်တွင်လည်း အကျင့်ပါသွားဟန်ရှိပြီး အပေါ်ပိုင်း ဗလာကျင်းထားသည့် ခန္ဓာကိုယ်ရှေ့တွင် “ကျွန်မတို့ရဲ့ မိန်းကလေးတွေကို ပြန်ခေါ်လာပေးပါ”ဆိုသော စာရွက်ဖြတ်ပိုင်းလေးကို ကိုင်ဆောင်ထားသည့် ဓာတ်ပုံမျိုး အရိုက်ခံခဲ့

အီရီနာရှက်ခ် အနေဖြင့် နိုက်ဂျီးရီးယားမှ အဖမ်းဆီးခံ မိန်းကလေးများ လွတ်မြောက်ရေးအတွက် ဆော်ဩတောင်းဆိုမှု ပြုလုပ်ခဲ့ရာတွင် ရည်ရွယ်ချက် ကောင်းသော်လည်း လုပ်ရပ်က ဆိုးရွားခဲ့ကြောင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ရုရှား စူပါမော်ဒယ်လ်သည် ကမ္ဘာအရပ်ရပ်မှ နာမည်ကျော်များနည်းတူ ဘိုကိုဟာရမ်တို့၏ ဖမ်းဆီးခြင်းကို ခံထားရသည့် နိုက်ဂျီးရီးယား ကျောင်းသူ (၃၀၀)နီးပါး လွတ်မြောက်ရေးအတွက် အင်တာနက်မှတစ်ဆင့် တောင်းဆိုခဲ့သည်။

သို့သော်လည်း အဖော်အချွတ် ဓာတ်ပုံရိုက်ချက်များဖြင့် နာမည်ကြီးသည့် အီရီနာ အနေဖြင့် ယခုတစ်ကြိမ်တွင်လည်း အကျင့်ပါသွားဟန်ရှိပြီး အပေါ်ပိုင်း ဗလာကျင်းထားသည့် ခန္ဓာကိုယ်ရှေ့တွင် “ကျွန်မတို့ရဲ့ မိန်းကလေးတွေကို ပြန်ခေါ်လာပေးပါ”ဆိုသော စာရွက်ဖြတ်ပိုင်းလေးကို ကိုင်ဆောင်ထားသည့် ဓာတ်ပုံမျိုး အရိုက်ခံခဲ့သည်။ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ ဘိုကိုဟာရမ်တို့က ၎င်းတို့ ဖမ်းဆီးထားသည့် မိန်းကလေးများကို လိင်ကျေးကျွန်အဖြစ် ရောင်းစားပစ်မည်ဟု ခြိမ်းခြောက်နေချိန်တွင် အီရီနာ၏ အပြုအမူက လှုံ့ဆော်သည့် သဘောမျိုး သက်ရောက်နေကြောင်း ဝေဖန်သူများက ဆိုသည်။ အသက်(၂၈)နှစ်ရှိ အီရီနာအနေဖြင့် ဟာဝိုင်ယီတွင် အဆိုပါ ဓာတ်ပုံကို ရိုက်ယူခဲ့ခြင်း ဖြစ်သည်။

အန်းဟက်သာဝေး၊ အန်ဂျလီနာဂျိုလီ၊ ကင်ဘာလေစတီးဝပ်၊ ကာရာဒီလီဗစ်နီ၊ မစ်ချယ်လ်အိုဘားမားတို့ကဲ့သို့ နာမည်ကျော်များနှင့် ကွဲပြားသည်မှာ အဆိုပါဓာတ်ပုံ Instagramပေါ် ရောက်လာသည်နှင့် လူအများက ဆိုးဆိုးရွားရွား ဝေဖန်ခဲ့ကြခြင်းဟု သိရသည်။ သူမ၏ Followerတစ်ဦးက အီရီနာအား “လုံးဝ အနှစ်သာရမရှိတဲ့၊ အဆင့်မရှိတဲ့၊ လေးစားမှုမရှိတဲ့ လုပ်ရပ်ပဲ”ဟု ဝေဖန်ခဲ့သည်။ အခြားတစ်ဦးကလည်း “မင်းအစား ရှက်တယ် အီရီနာ”ဟု စကားနာထိုးသွားသေးသည်။ အီရီနာသည် သူမ၏ချစ်သူ ကမ္ဘာကျော် ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်လ်ဒို ဥရောပတွင် ကျန်နေခဲ့ချိန်တွင် အလုပ်ကိစ္စများဖြင့် အမေရိကန်သို့ ရောက်နေခြင်းဖြစ်သည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ