သီချင်းသစ်အတွက် ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံအရိုက်ခံခဲ့သည့် မာရိုင်ကာရေး

  သီချင်းသစ်အတွက် ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံအရိုက်ခံခဲ့သည့် မာရိုင်ကာရေး မာရိုင်ကာရေး၏ သီချင်းဓာတ်ပုံသည် သီချင်းအမည်နှင့်လိုက်အောင် ရေငတ်စရာ ဖြစ်ရကြောင်း ပရိသတ်များက ချီးကျူးခဲ့ကြသည်

အယ်လ်ဘမ်သစ်အတွက် ရည်စူးထားသည့် ဆွဲဆောင်မှု ပြည့်ဝသော ဓာတ်ပုံများကို ပရိသတ်များထံ အသိပေး ပြသခဲ့ပြီး မကြာမီမှာပင် မာရိုင်ကာရေး အနေဖြင့် သူမ၏ Hip Hop သီချင်းတစ်ပုဒ်အတွက် ရိုက်ကူးထားသည့် ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံတစ်ပုံကို ထပ်မံမိတ်ဆက်ခဲ့သည်။ အသက်(၄၄)နှစ်ရှိ မာရိုင်သည် Thirstyဆိုသော သီချင်းအတွက် ရွှေရောင် ဝတ်စုံနှင့် ကိုယ်ဟန်ပြထားသည့် ဓာတ်ပုံကို ရိုက်ကူးထားခြင်း ဖြစ်သည်။ သူမ၏ သီချင်းဓာတ်ပုံသည် သီချင်းအမည်နှင့်လိုက်အောင် ရေငတ်စရာ ဖြစ်ရကြောင်း ပရိသတ်များက ချီးကျူးခဲ့ကြသည်။

ယင်းသီချင်းကို Hit-Boyက ပရိုဂျူဆာအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ယင်းသီချင်းသည် မာရိုင်၏ (၁၄)ခုမြောက် စတူဒီယိုအယ်လ်ဘမ် Me, I Am Mariah … The Elusive Chanteuse ၏ အစိတ်အပိုင်း တစ်ခုဖြစ်မည်ဟု ဆိုသည်။ မေလ(၂၇)ရက်နေ့တွင် အယ်လ်ဘမ် ထွက်ရှိမည်ဖြစ်ရာ Thirstyကို အကြိုအဖြစ် မာရိုင်က ထုတ်ဝေပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သီချင်းကို မာရိုင်က အခြားသူ(၃)ဦးနှင့် အတူပူးပေါင်း ရေးသားခဲ့ခြင်းဖြစ်ပြီး Digital Download စနစ်ဖြင့် ရယူနိုင်မည်ဟု သိရသည်။

မာရိုင်သည် ယခုသီချင်းအယ်လ်ဘမ်အတွက် ဓာတ်ပုံများ ရိုက်ကူးရာတွင် ခန္ဓာကိုယ် အချိုးအဆက်ကို အလွန်အပင်ပန်းခံ လေ့ကျင့်ပြင်ဆင်ခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။ သူမက အယ်လ်ဘမ်အမည်တွင် The Elusive Chanteuseဆိုသော စကားလုံးကို ထည့်သွင်းထားခြင်းနှင့် ပတ်သက်ပြီး “ကျွန်မကိုယ်ကျွန်မ မာရိုင်မှန်းတော့ အမြဲတမ်း သိတာပေါ့။ ဒါပေမဲ့ တခြား ချစ်စနိုး နာမည်တချို့လည်း ရှိသေးတယ်။ ကျွန်မနဲ့ နီးစပ်တဲ့သူ တချို့က The Elusive Chanteuseဆိုတဲ့ နာမည်ကို ပေးခဲ့တာပါ”ဟု ရှင်းပြသွားသည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ