တောင်ကိုရီးယား ရုပ်သံလိုင်းအတွက် ပါဝင် သရုပ်ဆောင်ပေးမယ့် ထားထက်ထက်

Miss Grand Myanmar ထားထက်ထက် ကို လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ၊ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ ‘ညီမလတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ကတော့ ညီမ ပထမဆုံးရိုက်ကူးမယ့် အက်ရှင်ဗီဒီယိုဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ လိုအပ်မယ့်အရာတွေအတွက်လည်း လေ့လာမှုတွေနေပါတယ်။ အကောင်းဆုံး သရုပ်ဆောင်နိုင်အောင်လို့ ကြိုးစားသွားမယ်။  အနုပညာလှုပ်ရှားမှုတွေ အပြင် ညီမဝါသနာပါတဲ့ ပရဟိတအလုပ်တွေ ကိုလည်း လုပ်ဖြစ်ပါတယ်။ မျက်ကြည်လွှာ လှူဒါန်းချင်တဲ့ စေတနာရှင်တွေကို ကိုယ်တိုင်ကိုယ်ကျ စုစည်းပြီး လိုအပ်တဲ့ နေရာတွေကို  ပို့ဆောင်ပေးခဲ့ပါတယ်။ ပြီးတော့ မေလ၁၁ရက် နေ့က ကျရောက်တဲ့ အမေများနေ့မှာ နှင်းဆီကုန်းဘိုးဘွားရိပ်သာက ဘိုးဘွားတွေနဲ့အတူ ဈေးဝယ်ထွက်တဲ့ အစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့ပါတယ်။ နောက်ပြီး တောင်ကိုရီးယား နိုင်ငံမှာရှိတဲ့ သဘာဝအလှအပတွေ၊ ခရီးသွားလို့ ကောင်းတဲ့နေရာတွေကို ရိုက်ပြဖို့အတွက်  ညီမကို သူတို့အစီအစဉ်မှာ ပါဝင်စေချင်လို့ ကမ်းလှမ်း ထားတာ ရှိပါတယ်။ အဲဒီ့အစီအစဉ်အတွက် တောင်ကိုရီးယားကို ဇွန်လ၆ရက်နေ့ကနေ ၁၂ရက်နေ့ အထိ MRTV-4 ရုပ်သံလိုင်းနဲ့ အတူ သွားရောက်ရိုက်ကူးဖို့ရှိပါတယ်။ လောလောဆယ် ဂျယ်ဂျူးကျွန်းနဲ့ ဘူဆန်မြို့ကို သွားရိုက်ရမယ်လို့တော့ သိထားပါတယ်။ ဒီအစီအစဉ်ကို ပရိသတ်တွေအတွက် ဗဟုသုတတွေ ရစေနိုင်သလို၊ ကိုယ့်အတွက်လည်း ဗဟုသုတတွေ၊ အတွေ့အကြုံတွေ တိုးပွားစေလို့ လက်ခံဖြစ်ခဲ့တာပါ’လို့ ဆိုပါတယ်။

စန္ဒီ
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ