ညီအစ်ကို(၂)ဦးစကားများ ရန်ဖြစ်နေစဉ် ညီမဖြစ်သူမှ သစ်သားပိုင်း ဖြင့် ရိုက်နှက်ခဲ့၍ အစ်ကိုကြီးဖြစ်သူ သေဆုံး

ရန်ကုန်၊ မေ ၁၄

၁၃.၅.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် သုံးခွမြို့နယ်နေ ဒေါ်စန်းဝင်မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သားကြီးဖြစ်သူ နေလင်းအောင်၊ (၃၈)နှစ်နှင့် သားငယ်ဖြစ်သူ စိုးမင်းအောင်၊ (၃၀)နှစ်တို့(၂)ဦးသည် နေအိမ်ရှေ့ခန်း၌ နေလင်းအောင်မှ ညီဖြစ်သူ စိုးမင်းအောင်အား ကွမ်းယာဝယ်ခိုင်းသည့်ကိစ္စဖြင့် တစ်ယောက်တစ်ခွန်းစကားများနေသဖြင့် ၎င်းမှ ၀င်ရောက်ဖြန် ဖြေပေးစဉ် သမီးဖြစ်သူ မအိအိထွန်းမှာ အရှည်(၂)ပေခန့်ရှိ (၃ x ၁၁/၂) လက်မသစ်သားပိုင်းတစ်ခုအား ကိုင်ဆောင်ကာ နေအိမ်ရှေ့မှ တက်လာပြီး နေလင်းအောင်၏ဦးခေါင်းအား (၂)ချက်ရိုက်ခဲ့သဖြင့် နေလင်းအောင်တွင် ဦးခေါင်းနောက်စေ့ဝဲဘက်ပေါက်ပြဲဒဏ်ရာနှင့် ယာချိုစောင်း ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ကြောင်းနှင့်ယင်းသို့ကျူးလွန်သူ မအိအိထွန်းအား အရေးယူပေးရန် တိုင်တန်းလာခဲ့ ကြောင်း သိရှိရပါသည်။

တိုင်တန်းချက်အရ သုံးခွမြို့မရဲစခန်း(ပ)၁၈၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ မအိအိထွန်း၊ (၂၈)နှစ်၊ (ဘ)ဦးခင်မောင်ဝင်းအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ