ဖုန်းပြောလျက်လမ်းလျှောက်နေသော အမျိုးသမီးထံမှ ဖုန်းလုယက် ထွက်ပြေးသူကို ဖမ်းဆီးရမိအရေးယူ

ရန်ကုန်၊ မေ ၁၄

၁၃.၅.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်ခန့်တွင် ဗဟန်းမြို့နယ်နေ မဘေဘီနီလုံဦးသည် ၎င်းအလုပ် လုပ်ကိုင်သော ဗိုလ်တထောင်မြို့နယ်မှ လိုင်းကားစီး၍ပြန်လာခဲ့ရာ ဗဟန်းမြို့နယ်၊ ဗဟန်း(၃)လမ်း မှတ်တိုင်တွင်ဆင်းခဲ့ပြီးနောက် နတ်မောက်လမ်းအတိုင်းလမ်းလျှောက်၍ ၎င်း၏ HUAWEI အမျိုးအစားဖုန်းကို နားကြပ်တပ်ပြီး ဖုန်းပြောလျက် ပြန်လာစဉ် နောက်မှလိုက်လာသူ အမျိုးသား တစ်ဦးမှ ၎င်း၏ဖုန်းအား လုယူထွက်ပြေးသွားသဖြင့် အော်ဟစ်အကူအညီတောင်းခံရာ အနီးရှိ ဂျာမနီသံရုံးတွင်လုံခြုံ ရေးတာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့်ပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့၍ ၎င်းအမျိုးသား အားဖမ်းဆီးရမိခဲ့ ပါသည်။

ဖမ်းဆီးရမိသူ အမျိုးသားအားစစ်ဆေးရာ ဟန်ထွေး၊ (၂၄)နှစ်၊ (ဘ)ဦးသန်းရွှေ၊ သာပေါင်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး နေသူဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ပြစ်မှုကျူးလွန်သူ ဟန်ထွေးအားအရေးယူပေးရန် မဘေဘီနီလုံဦးမှ တိုင်တန်းသဖြင့် ဗဟန်းမြို့မ ရဲစခန်း(ပ)၂၀၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ