Album အသစ်ရဲ့ Cover ကိုထုတ်လိုက်ပြီဖြစ်တဲ့ Jennifer Lopez

အဆိုတော်တစ်ယောက်လည်းဖြစ် အမေရိကန် Idol ရဲ့ဒိုင်လူကြီးလည်းဖြစ်တဲ့ Jennifer Lopez တစ်ယောက်ကတော့ သူမရဲ့ ဒသမမြောက် studio album A.K.A ကို ဇွန်လ ၁၇ ရက်နေ့မှာထုတ်မှာဖြစ်ပြီး အဲဒီ့ album အတွက် cover art ကတော့ထွက်လာပါပြီ။

အဲဒီ့ album မှာတော့ ပြီးခဲ့တဲ့သောကြာနေ့ကထွက်ခဲ့တဲ့ သူမရဲ့ နောက်ဆုံး single First Love နဲ့အတူ ပေါက်ပြီးသားသီချင်းတွေဖြစ်တဲ့ Same Girl နဲ့ I Luh Ya Papi တို့ပါဝင်မှာဖြစ်ပါတယ်။

ဒီ album ရဲ့ cover မျာတော့ J. Lo တစ်ယောက် အနီရောင် latex ၀တ်စုံနဲ့ အသားနေရာတော်တော်ဖော်ထားပြီး ၄၄ နှစ်အရွယ် အဆိုတော်ကို sexy ကျတဲ့အသွင်အပြင်ဖြစ်စေပါတယ်။

‘ဂီတကကျွန်မရဲ့ ပထမဆုံး အချစ်ဖြစ်ခဲ့တယ်။ Bronx မှာကြီးပြင်းခဲ့တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ကျွန်မအရာအားလုံးကို နားထောင်ခဲ့ပါတယ်’ လို့ J. Lo ကပြောခဲ့ပါတယ်။

J. Lo ဟာသူမရဲ့ ၁၉၉၉ ပွဲဦးထွက် album On the 6 ကစပြီး ယနေ့အချိန်ထိ record ပေါင်း ၇၅ သန်းကျော်ရောင်းချနိုင်ခဲ့ပါတယ်။

Trend Myanmar


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ