အချို့ကိုယ်ဝန်ဆောင်များတွင်Aspirin ဆေးပုံမှန် သောက်သုံး သင့်ကြောင်းUS မှ ထောက်ခံ

အမေရိကန်မှ ကျန်းမာရေး တာဝန်ရှိသူများက ပြီးခဲ့သည့်အင်္ဂါ နေ့က သွေးကျဲစေရန်နှင့် အကိုက်အခဲပျောက်စေရန်သုံးသည့် Aspirin အက်စပရင်ဆေးအား Low dose ဆေးပမာဏ လျော့သောက်ပေးခြင်းက ကိုယ်ဝန်ဆောင်များတွင် ကြုံတွေ့ ရနိုင်သည့် ကိုယ်ဝန်ဆိပ်တက်ခြင်း Pre- eclampsia အား သက်သာစေသည်ဟု ပြောကြားခဲ့သည်။

ဆီးချို၊ သွေးတိုးနှင့် အမြွှာကိုယ်ဝန်ဆောင်ထားရသူများ၊ ပထမကိုယ်ဝန်တွင် ကိုယ်ဝန်ဆိပ် တက်ဖူးသူများတွင် Pre- eclampsia ပိုဖြစ်နိုင်ပြီး ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလ ပြီးသည့်နောက်တွင် Aspirin အား တစ်ရက်လျှင် ၅၀-၁၆၀ mg ကြား သောက်ပေးခြင်းက ကိုယ်ဝန်ဆိပ်တက်မှု Pre- eclampsia အား ၂၄ရာခိုင်နှုန်း သက်သာစေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Aspirin အား သတ်မှတ်ထားသည့်အတိုင်း နေ့စဉ်သောက်သုံးခြင်းက အချိန်မတိုင်မီ မွေးဖွားမှုအား ၁၄% သက်သာစေပြီး ကလေးကြီးထွားမှု နှုန်းနှေးစေသည့် အခြားသောရောဂါ များမှ ၂၀% ကာကွယ်ပေးကြောင်း သိရသည်။ Aspirin အား အချိန် အပိုင်းအခြားတစ်ခုအထိ သုံးရုံဖြင့် မည်သည့် ကျန်းမာရေးပြဿနာမျှ မကြုံရကြောင်း အခြားသော လေ့လာမှု ၁၉ ခုမှ ထောက်ခံခဲ့သည်။

ယင်းကဲ့သို့ Aspirin့ သောက်သုံး ခြင်းအား ကိုယ်ဝန်ဆိပ်တက်မှု ဖြစ်နိုင်ခြေများသူများတွင် အသုံးပြုရန် ရည်ညွှန်းထားသည်။ ကိုယ်ဝန် အပတ် ၂၀ နောက်ပိုင်း၌ သွေးပေါင်ချိန်များ ရုတ်တရက်တိုးလာခြင်းက မိခင်၏ကျောက်ကပ်၊ အသည်းနှင့် ဦးနှောက်တို့ကိုသာမက သန္ဓေသားကိုပါ ထိခိုက်စေနိုင်လေသည်။

ဖိုးသောကြာ
ref:Medindia

Health Updates Journal No. 114

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ