ကေအိုင်အေ(ကချင်)အဖွဲ့ ထောင်ထားသည့် မိုင်းကြောင့် ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိ

၂၀၁၄ ခုနှစ် အေပြီလ ၃၀ ရက်နေ့ နံနက် ၁၀နာရီ ၃၅ မိနစ် အချိန်တွင် မောင်ချီဟော့၊ မမီးကျူ၊ မောင်လင်ချွင်ဖ၊ မောင်ခွာကြာထွန်း၊ မောင်ရီဟော့ တို့ ၅ ဦးသည် နမ့်ခမ်းမြို့မှ မံစီမြို့ရှိ ၄င်းတို့၏ ဆွေမျိုးများထံသို့ အလည်သွားရန်အတွက် ဆိုင်ကယ် ၃ စီးဖြင့် ထွက်ခွာလာရာ လဂတ်တော့ရွာအထွက် ကားလမ်းဘယ်ဘက်ခြမ်းမှ ရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့သဖြင့် မောင်ချီဟော့ (ဘ ဦးလင်းစနေ၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည် မိုင်းစထိမှန်၍ နေရာ၌ပင် နောက်ကြော ပွင့်ထွက်ပြီး သေဆုံး သွားပါသည်။

မမီးကျူ (ဘ ဦးရင်တေ့၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည် ဘယ်ပေါင်ရင်းနှင့် ဘယ်ဒူးအောက်တို့တွင် မိုင်းစထိမှန်၍ စိုးရိမ်ရ၊ မောင်လင်ချွင်ဖ (ဘ ဦးလင်ကျီရင်း၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည် လည်ပင်း၊ ညာညှပ်ရိုး၊ ၀မ်းဗိုက်၊ ညာပေါင်၊ ဘယ်ရင်ဘတ် တို့တွင် မိုင်းစထိမှန်၍ မစိုးရိမ်ရ၊ မောင်ခွာကြာထွန်း
(ဘ ဦးခွာဆန်၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည် ညာပေါင်ရင်း၊ ညာရင်ဘတ်တွင် မိုင်းစထိမှန်၍ မစိုးရိမ်ရ၊ မောင်ရီဟော့ (ဘ ဦးရင်တေ၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည် ထိခိုက်မှုမရှိကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူများကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး နမ့်ခမ်းဆေးရုံသို့ ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ