ဒုတိယခွေက နားထောင်လိုက်တာနဲ့ မိုက်တယ်ဆိုတဲ့ အနေအထားဖြစ်အောင် ကြိုးစားထားတယ်လို့ဆိုတဲ့ ပိုပို

ပရိသတ်တွေ သဘောကျနှစ်ခြိုက်အားပေးခဲ့ကြတဲ့ အရင်ပါပဲ အရင်တိုင်းပဲ၊ ဘာမှမလိုဘူးတို့သီချင်းတွေရဲ့ ပိုင်ရှင် အဆိုတော်ပိုပိုနဲ့တွေ့ဆုံခိုက်မှာ ပြောဖြစ်ခဲ့တာတွေကတော့ ‘ ခု ပို နယ်ရှိုးတွေဆိုဖြစ်နေတယ်။ ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ စီးပွားရေးပွဲလေးတွေ လိုက်ဆိုဖြစ်နေတယ်။ ဒုတိယအခွေတွက် သီချင်းရေးနေတာက တစ်ပုဒ်ပဲ ကျန်တော့တယ်။ အဲဒါလေးကိုလဲ အမြန်လုပ်နေပါတယ်။ ပထမအခွေတုန်းက ပရိသတ်အားပေးမှုထက် ဒုတိယခွေကိုပိုပြီး အားစိုက်လုပ်ရမှာပေါ့နော်။ အတီးပိုင်းကိုလဲ သေချာလုပ်ထားတယ်။ အသံပိုင်းကိုလဲ ဂရုစိုက်ထားတယ်။ ဒီအခွေမှာ ၁၄ ပုဒ်ပါမှာ ၁၂ ပုဒ်က ပိုပိုရေးထားတယ်။  နောက် နှစ်ပုဒ်က သူငယ်ချင်း အသစ်နှစ်ယောက်ပေါ့ ။ သူတို့ပါမယ်ရှင့်။ ပိုပို ဒုတိယအခွေမှာက ပထမအခွေနဲ့သိပ်မကွာဘူး။ ဒီအခွေက ပိုပြီးတော့ နားထောင်လိုက်တာနဲ့ မိုက်တယ်ဆိုတဲ့ အနေအထားတစ်ခုရှိချင်တယ်။ ထူးထူးခြားခြား ဒီအခွေထဲမှာ Band နဲ့တီးတာများတယ်။ Official အနေနဲ့ Rappin တစ်ပုဒ်ပါမယ်။ Featuring အနေနဲ့ ကိုစိုးကြီး ပဲပါမယ်။ နောက်ပြီးတော့ ညီမအတွက်ဆိုပြီးတော့ ယောက်ျားလေးတွေကြိုက်မဲ့ သီချင်းတစ်ပုဒ်ပါမယ်။ အရက်သမားသီချင်းတစ်ပုဒ်ရယ်၊ ထူးထူးခြားခြားလေး ထည့်ထားတယ်။ ပို့ရဲ့ ဒုတိယခွေမှာ ကော်ပီမပါဘူး။ own tune လေးတွေပဲ လုပ်နေပါတယ်။’လို့ သူမက ပြောပါတယ်။

ခင်ဆွေသက်
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ