အမျိုးသမီး အချင်းချင်း လိင်တူဆက်ဆံစဉ် HIV ပိုးကူးစက်ခံရသော ဖြစ်ရပ်တစ်ခုကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည် နယ်တွင် တွေ့ရှိရသောကြောင့် အမျိုးသမီး အချင်းချင်းလည်း HIV ကူးစက်နိုင်ကြောင်း အမေရိကန် ကျန်းမာရေး အရာရှိများက ဆိုသည်။
၂၀၁၂ ခုနှစ်အတွင်း တက္ကဆက်ပြည်နယ်တွင် ခြောက်လခန့် အတူနေထိုင်ခဲ့သည့် အမျိုးသမီးအချင်းချင်း HIV ကူးစက်မှုကိုတွေ့ရှိခဲ့ ခြင်းဖြစ်သည်။ အမျိုးသမီးတစ်ဦးတွင် HIV ရှိပြီး ကျန်တစ်ဦး၌ HIV ကင်းစင်ခဲ့သည်။ လိင်ဆက်ဆံမှုပြုစဉ် အကာအကွယ်ပစ္စည်း တစ်စုံတစ်ရာ မသုံးခဲ့ဘဲ ဒဏ်ရာအနာတရ ဖြစ်မှုမှ တစ်ဆင့် HIV ကူးစက်ခြင်းဖြစ်နိုင်သည်ဟုဆိုသည်။
HIVကူးစက်ခံရသည့် အမျိုးသမီးတွင် ကူးစက်ခံရနိုင်သည့် အခြားနည်းလမ်း တစ်စုံတစ်ရာမတွေ့ရဘဲ အတူနေသူ အမျိုးသမီးထံမှသာ ကူးစက်ခံရနိုင်ဟု ကျန်းမာရေးအရာရှိများက ဖြေကြားသည်။ အမျိုးသမီးအချင်းချင်းလိင်ဆက်ဆံသည့်အခါ HIVကူးစက်ရန်အလားအလာ နည်းသော်လည်း ရာသီသွေး၊ ယောနိတွင်း သဘာဝအရည်များနှင့် ထိခိုက်ဒဏ်ရာတစ်ခုခုထိတွေ့မိသည့်အခါ HIV ကူးစက်နိုင်သည်။
အမျိုးသမီးအချင်းချင်း လိင်ဆက်ဆံသော စုံတွဲများအပါအ၀င် စုံတွဲတိုင်း HIV ပိုးကူးစက်မခံရစေရန် အကာအကွယ်နည်းလမ်းများအသုံး ပြုသင့်ကြောင်း အထက်ပါဖြစ်ရပ်ကို ရှာဖွေဖော်ထုတ်သူ သုသေတီများက ဆိုသည်။ HIV ပိုးပါဝင်နိုင်သော သွေး၊ ကိုယ်တွင်းရည်တို့ကို အရေ ပြားဒဏ်ရာ၊ ခံတွင်းနှင့်မျိုးပွားအင်္ဂါ ဒဏ်ရာများနှင့် ထိတွေ့မှုမရှိစေရန် ဂရုပြုသင့်သည်။
အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟို (CDC) ၏ မတ်လ (၁၃) ရက်နေ့ ထုတ်စာစောင်တွင် အဆိုပါသတင်းဖြစ်ရပ်ကို ဖော်ပြထားပြီး ဓမ္မတာအတိုင်း လိင်ဆက်ဆံမှု၊ ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှုများတွင် HIV ပိုးမကူးစက်စေရန် အကာအကွယ်သုံး သင့်ကြောင်းCDC က တိုက်တွန်းထားသည်။
ဇော်ကို
Ref:NMD
Health Updates Journal
အမျိုးသမီးအချင်းချင်း လိင်တူဆက်ဆံရင်လည်း HIV ကူးနိုင်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin