အချစ်နဲ့တွေ့တဲ့အခါ ပြောင်းလဲလာတဲ့ အရာများ

အချစ်နဲ့တွေ့တဲ့အခါ စိတ်ခံစားမှုတွေ ပြောင်းလဲလာတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒါ့အပြင် ကိုယ့်ရဲ့ခန္ဓာကိုယ်မှာလည်း အချစ်စိတ်ကြောင့် ပြောင်းလဲသွားတာမျိုးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ပြောင်းလဲသွားပါတယ်။

မြင်မြင်းချင်း ချစ်သွားမျိုးက ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ ငြင်းခုန်ကြတဲ့အခါ Sexual Medicine ဂျာနယ်မှာတော့ မြင်မြင်ချင်းချစ်တာမျိုးက ဖြစ်နိုင်တယ်လို့ ဆိုထားပြီး စက္ကန့်ပိုင်းလေးအတွင်းမှာ ချစ်သွားတတ်တယ် လို့လည်း ဖော်ပြထားပါတယ်။

၂။နှလုံးခုန်တာ နှေးသွားတတ်ပါတယ်။

အချစ်နဲ့ထိတွေ့နေသူတစ်ယောက်ဟာ ဟော်မုန်းအပြောင်းအလဲ ရှိကိုရှိပါတယ်။ ဒါဟာ သွေးဖိအားနဲ့နှလုံခုန်နှုန်းတွေနဲ့လည်း ဆက်စပ်တာပါ။

၃။အိပ်မပျော်တဲ့ ပြဿနာလေးတွေ ရှိလာပါတယ်။

လွမ်းရ၊ ဆွေးရတာတွေ၊ ကိုယ့်ရဲ့စိတ်ဆန္ဒတွေကြောင့် ညအိပ်မပျော်တာမျိုးတွေတောင် ဖြစ်လာတတ်ပါတယ်။

၎။သ၀န်တိုတတ်လာပါတယ်။

ကိုယ့်ချစ်သူက တခြားကောင်မလေးတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးစကားပြောဆိုနေတာကို မြင်လိုက်တာနဲ့ သ၀န်တိုလာတတ်ရော။ ဖလော်ရီဒါ တက္ကသိုလ်ရဲ့ စာတမ်းတွေမှာ ဖော်ပြထားတာကတော့ အချစ်ကြောင့် သူ/သူမဟာ ကိုယ့်ရဲ့လက်တွဲဖော်ကို အလွန်အကျူးကာကွယ်ပေးတာမျိုးတွေတောင် ဖြစ်လာပါသတဲ့။

၅။အရာရာတိုင်းဟာ ချိုမြိန်နေပါတယ်။

အမေရိကန်စိတ်ပိုင်းဆိုင်ရာ အသင်းအဖွဲ့ကတော့ ချစ်သူနဲ့အဆင်ပြေနေတဲ့သူတွေဟာ အရာရာတိုင်းကို ချိုမြိန်တယ်လို့ ခံစားမိကြပြီး စားနေ၊ သောက်နေတဲ့ အစားအစာတွေကိုတောင် ပိုမိုအရသာရှိတယ်လို့ ခံစားတတ်ကြပါသတဲ့။

၆။ပိုမိုချိုသာတဲ့ အသံနဲ့ ဖုန်းပြောတတ်လာတယ်။

ကိုယ့်ချစ်ရသူနဲ့ ဖုန်းပြောပြီဆို ဘယ်သူမဆို ချိုချိုသာသာလေးပဲ ပြောဆိုတတ်ကြပါတယ်။ ဒါကလည်း လေ့လာမှုတွေထဲက တစ်ခုပေါ့။

၇။သင့်ရဲ့အရိုးတွေဟာ ပိုမိုသန်မာလာပါတယ်။

လေ့လာတွေ့ရှိမှုတွေထဲက တစ်ခုကတော့ အိမ်ထောင်ရေးသာယာတဲ့ အတွဲတွေဟာ ပိုမိုကောင်းမွန်ပြီး သန်မာတဲ့ အရိုးတွေပိုင်ဆိုင်လာကြပါသတဲ့။

Ref:womenshealthmag.com
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ