ဆင်ရိုင်းတစ်ကောင်မှ အစွယ်ဖြင့် ထိုးသတ်၍ ရွာသား(၂)ဦးသေဆုံး

နေပြည်တော်၊ ဧပြီ ၂၅

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ပလူဇ၀ကျေးရွာ ချောင်းစပ်အနီးတွင် မည်သည့်အရပ်မှဝင်ရောက်လာမှန်းမသိသော ဆင်တစ်ကောင်ရောက်ရှိလာရာ ရွာအတွင်းသို့ဝင်ရောက်မှုမရှိစေရေး ရွာသူ/သားများမှ ၀ါးများအား မီးရှို့ပြီး အော်ဟစ်ခြောက်လှန်မှု့များပြုလုပ်ခဲ့သဖြင့် ၎င်းဆင်မှာ ကလေးဝ-မော်လိုက်ကားလမ်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက် အဆိုပါဆင်မှာ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန် ကလေးဝ- မော်လိုက်ကားလမ်းဘေး၊ ကလေးဝမြို့နယ်၊ နန်းစလိန်ကျေးရွာအနီးရှိ ဦးအဲညီထွေး(၄၀)နှစ်၏နေအိမ် အတွင်းသို့ဝင်ရောက်၍ ဦးအဲညီထွေးအား အစွယ်ဖြင့်ထိုးသတ်ခဲ့ကာ ကားလမ်းအတိုင်း မော်လိုက်ဘက်သို့ ဆက်လက်ထွက်ခွာသွားပြီး နံနက် ၇ နာရီအချိန် မန်ဖာလေးကျေးရွာအနီး၊ ကားလမ်းဘေးရှိ ဦးဘသောင်း(၈၂)နှစ်၏လယ်တဲအားဖျက်ဆီး၍ ဦးဘသောင်းအား အစွယ်ဖြင့်ထိုးသတ်သွားခဲ့ကြောင်း သ   တင်းအရ ကလေးဝမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစီးဌာန/မြို့နယ်သစ်တော ဦးစီးဌာနမှဝန်ထမ်းများနှင့် ကလေးဝပြည်သူ့ဆေးရုံမှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါဆင်အား တောနက်ထဲသို့မောင်းထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ