ဘီးပေါက်သောယာဉ်မှ လမ်းလယ်ကျွန်းကပ်တုံးများအားဝင်တိုက်၍ ၁ ဦးသေ

နေပြည်တော်၊ မတ် ၁၅

၂၀၁၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၄/၇)နှင့်(၃၃၅/၀)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ စကားအင်း အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ နေပြည်တော်မှ မန္တလေးသို့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မရမ်းခြံနေ ၀င်းအောင်(၃၄)နှစ်မောင်းနှင် လာသော ၉က/xxxxနစ်ဆန်းပစ်ကပ်အဖြူရောင်ယာဉ်မှာ ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်း နိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံး(၃)တုံးအား ၀င်းရောက်တိုက်မိခဲ့ကြောင်း တွေ့ရှိရသည်။

ထိုသို့တိုက်မိ မှုကြောင့် ၀င်းအောင်တွင် ယာလက်မောင်းကျိုးဒဏ်ရာနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးရွာနေ ဒေါ်အေး(၄၈)နှစ်တွင် နဖူးထိပ်ညိုမဲ၊ ၀ဲနံဘေးအောင့်ဒဏ်ရာများရရှိခဲ့သဖြင့် တံတားဦးဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ၀င်းအောင်အား စကားအင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ထို့နောက် ဒေါ်အေးမှာ တံတားဦးဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ မှ ၃၀၄-က/၃၃၇/၃၃၈ သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ