ရှေ့ဘီးပေါက်၍ ယာဉ်တိမ်းမှောက်

နေပြည်တော်၊ မတ် ၁၅

၂၀၁၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နံနက် ၃ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၈၉/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ကသာမှရန်ကုန်သို့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ ကျော်သန်းလွင်(၄၀)နှစ်မောင်းနှင်လာသည့် ၉င/xxxxလိုက်ထရပ်ယာဉ်မှာ ၀ဲဘက်နောက်ဘီးပေါက်၍ တိမ်းမှောက်ခဲ့ကြောင်း တွေ့ရှိရသည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ(၁၄)ဦးအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၊ မြို့မရပ်ကွက်နေ ဒေါ်အုန်း(၆၂)နှစ်၊ ရှမ်းပြည်နယ်၊ ဟိုပင်မြို့နယ်၊ အင်းတော်ရွာနေ ဦးသန်းမောင် (၈၃)နှစ်၊ ကချင်ပြည်နယ်၊ မှော်အမ်ရွာနေသူများဖြစ်သည့် ဒေါ်တင်လှိုင်(၅၉)နှစ်နှင့် ဒေါ်ချို(၆၅)နှစ်တို့ ၄ ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဖဒိုတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ကျော်သန်းလွင်အား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ