ဘဏ်ဓားပြကို Facebook ကနေ ခြေရာခံမိပြီးနောက် ဖမ်းဆီး နိုင်ခဲ့

အမေရိကန် နိုင်ငံ၊ မီချီဂန် ပြည်နယ် မှာ ဖြစ်ပွား ခဲ့တဲ့ ဓားပြ တိုက်မှု တွေမှာ တရားခံ အဖြစ် ယူဆထား သူကို အက်ဖ်ဘီအိုင် က Facebook ကနေ ခြေရာခံ မိပြီး တဲ့နောက် ဖမ်းဆီး နိုင်ခဲ့ ကြောင်း သိရ ပါတယ်။ အသက် (၂၁)နှစ် အရွယ်ရှိ ဂျူးလက်စ်ဘာလာဟာ သူ့ရဲ့ Facebook မှာ သေနတ်နဲ့အတူ ဓာတ်ပုံရိုက်ထား တဲ့ ပုံတွေတင်ခဲ့ပါတယ်။ ဒီပုံတွေကို အက်ဖ် ဘီဘိုင် က ကြည့်ရှုပြီး တဲ့နောက် ဖေဖော်ဝါရီလ (၂၆) ကနေ မတ်လ (၄)ရက်အတွင်း ဖြစ်ပွား ခဲ့တဲ့ဘဏ်ဓားပြမှုတွေအတွက် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပါတယ်။ ဂျူးလက်စ် ဘာလာ တင်ရှိ ထားတဲ့ သေနတ်ဟာ ဘဏ်ဓားပြတိုက်ရာမှာ အသုံးပြု ခဲ့တဲ့ သေနတ်နဲ့ တစ်ပုံစံတည်းဖြစ်နေလို့ သင်္ကာ မကင်း ခံခဲ့ ရပါတယ်။ ဂျူးလက်စ်ဘာလာ ဟာ မတ်လ (၅)ရက်မှာ Selfies ဓာတ်ပုံရိုက်ပြီး သူ့အနေနဲ့ ပထမဆုံး အိမ် တစ်အိမ် ၀ယ်လိုက် ပြီလို့ Facebook မှာ ရေးသား ခဲ့ပါတယ်။ ဘဏ်ဓားပြ မှုတွေ ဖြစ်ပွား ပြီး တဲ့နောက် ဂျူးလက်စ် ဘာလာရဲ့ အပြုအမူဟာ သံသယဖြစ်စရာ ကောင်းနေခဲ့လို့ သူ့ရဲ့ကားကို စုံစမ်းစစ်ဆေး ခဲ့ရာ၊ ဓားပြ တိုက်ရာမှာ အသုံးပြုခဲ့တဲ့ သေ နတ်ကို သိမ်းဆည်းရမိပါတယ်။ ဒီနောက် သူ့ကိုစုံစမ်းမှုတွေပြုလုပ်ခဲ့ရာ ဘဏ် ဓားပြ မှု တွေကို ကျူးလွန်ခဲ့ကြောင်း ၀န်ခံ ထွက်ဆို ခဲ့ပါ တယ်။ ဂျူးလက်စ် ဘာလာ ရဲ့ သူငယ်ချင်း တွေ က Facebook မှာ ဒီလိုဓာတ်ပုံတွေ မတင် သင့်ဘူးလို့ အကြံပေးခဲ့ပေမယ့် အရာရာက နောက်ကျသွားခဲ့ပြီဖြစ်ပြီး တရားဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူ ရတော့မှာ ဖြစ်ပါတယ်။

Messenger News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ