ရပ်ထားသောယာဉ်အားဝင်တိုက်၍ ၄ ဦး ဒဏ်ရာရ

နေပြည်တော်၊ မတ် ၅

၂၀၁၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက် ၂ နာရီ ၂၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅၆/၆-၇)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်နေ ၀င်းမောင်(၅၉)နှစ်မောင်းနှင်လာသော ၈ဇ/xxxxလိုက်ထရပ်အဖြူရောင်ယာဉ်မှ မိုင်တိုင်အမှတ်(၂၅၆/၇) အနီးတွင် ခရီးသည်ချပေးရန်ရပ်ထားသည့် သာယာဝတီမြို့၊ (၃၀)ရပ်ကွက်နေ ဇော်ဝင်း(၃၈)နှစ်မောင်းနှင် သော 5C/ xxxxx ““မန္တလာမင်း””ခရီးသည်တင် မှန်လုံယာဉ်၏၀ဲဘက် နောက်ခြမ်းအား ၀င်ရောက်တိုက်မိပြီး လမ်းလယ်တွင်ရပ်တန့်သွားခဲ့ကြောင်း တွေ့ရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ၀င်းမောင်တွင် ယာနားထင် ပေါက်ပြဲ၊ ယာပေါင်ပွန်းဒဏ်ရာနှင့် ၈ဇ/xxxxလိုက်ထရပ်ယာဉ်ပေါ်ပါ ခရီးသည်များအနက် မုံရွာမြို့နယ်၊ ပလေးကုန်းရွာနေသူများဖြစ်သည့် အောင်မြင့်ဌေး(၃၀)နှစ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ၊ ဦးလှသောင်း (၅၃)နှစ်တွင် ယာဒူးနာကျင်ဒဏ်ရာနှင့် ဇော်ဝင်းဝင်းမောင်(၁၆)နှစ်တွင် ခါးနာကျင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ၈ဇ/xxxxယာဉ်၏ ရှေ့ယာဘက်ဦးခေါင်းပိုင်း တွန့်ကြေ၊ ရှေ့လေကာမှန်ကွဲကြေ၊ အမိုးကိုင်းတွန့်လိမ်၍ တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့်နှင့် 5C / xxxxxx ခရီးသည်တင်ယာဉ်၏ ယာဉ်နောက်ပိုင်းဝဲဘက်ခြမ်းမီးလုံးပျက်စီးကာ တန်ဘိုးငွေကျပ်(၁)သိန်းခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ၀င်းမောင်အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ