ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့လျှင်ပင် လီဗာပူးလ်၌ ဆက်ကစားရန် ဆန္ဒရှိကြောင်း ဆွာရက်ဇ် ပြောကြား

မိမိနှင့် အသင်း၏ အနာဂတ်သည် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခြင်းအပေါ်တွင် မူတည်ခြင်း မရှိကြောင်း လီဗာပူးလ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။

ဥရုဂွေး တိုက်စစ်မှူးသည် ယခုနှစ် ဘောလုံးရာသီတွင် လီဗာပူးလ်အတွက် ခြေစွမ်းပြသနေသူ ဖြစ်ပြီး ပရီးမီးယားလိဂ် ဂိုးသွင်း စာရင်းတွင်လည်း ၂၄ ဂိုးဖြင့် ထိပ်ဆုံး၌ ဦးဆောင်သူ ဖြစ်သည်။

ဘရန်ဒန် ရော်ဂျာ၏ အသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား၏ ဒုတိယနေရာ၌ ရပ်တည်နေသော်လည်း လီဗာပူးလ် အနေဖြင့် လာမည့်နှစ် ဘောလုံးရာသီတွင် ချန်ပီယံလိဂ်၌ ပါဝင် ကစားခွင့် မရရှိခဲ့ပါက အသင်း၌ပင် ဆက်လက် ကစားရန် ဆန္ဒရှိကြောင်း ဆွာရက်ဇ်က ဆိုခဲ့သည်။

၎င်းက “ကျွန်တော် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ လူမှုဘဝရော ဘောလုံးကစားရော အဆင်ပြေတဲ့ နေရာမှာပဲ ကျွန်တော် ကစားချင်တာပါ။ ချန်ပီယံလိဂ်က အဓိက မဟုတ်ပါဘူး။ ဘယ် ကစားသမားမဆို ချန်ပီယံလိဂ်နဲ့ လွဲချော်နိုင်ပါတယ်။ ကျွန်တော် လီဗာပူးလ်ကို ရောက်ရှိချိန်တုန်းက အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ကစားဖို့ အသင့်မဖြစ်သေးပါဘူး။ ဒါပေမဲ့ ဒီနှစ်ကတော့ ကျိန်းသေ ကျွန်တော်တို့ ဝင်ရောက်ယှဉ်ပြိုင်ရမယ့် နှစ် ပါပဲ” ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး မိမိအနေဖြင့် လီဗာပူးလ်အသင်းနှင့်အတူ ဥရောပ ထိပ်တန်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် အလားအလာ ကောင်းများ ပိုင်ဆိုင်ထားသည့်အတွက် စိတ်လှုပ်ရှားမိကြောင်းနှင့် မိမိ၏ လက်ရှိခြေစွမ်းကို ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆွာရက်ဇ်က ပြောကြားသွားခဲ့သည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ