ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ၁ ဦးသေ

နေပြည်တော်၊ မတ် ၅

၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၃၁/၁-၂)ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘုရားတောင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးမှ နေပြည်တော်သို့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာနေ မောင်စိုး(၃၈)နှစ်မောင်းနှင်ပြီး မစန်းဝင်းစိန်(၁၈)နှစ်လိုက်ပါလာသည့် ၂၉ယ/xxxxကန်ဘို-၁၁၀ အစိမ်းပုပ်ရောင်ဆိုင်ကယ်သည် မိုင်တိုင် အမှတ်(၂၃၁/၁-၂)ကြားရှိလမ်းဖြတ်မှ တစ်ဖက်လမ်းသို့ဖြတ်ကူးစဉ် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်နေ ကိုကို(၃၄)နှစ်မောင်းနှင်လာသော ၁ဂ/xxxx အာဖတ်အဖြူရောင်ယာဉ်နှင့်တိုက်မိခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် မောင်စိုးတွင် ၀ဲဒူးခေါင်း/မျက်ခုံးအထက်ပေါက်ပြဲ၊ ၀ဲမျက်လုံးအောက်/ ၀ဲနဖူးပွန်းပဲ့၊ ၀ဲခြေသလုံးကျိုး၊ ၀ဲနားရွက်သွေးထွက်၊ ၀ဲ/ယာပုခုံးပွန်းဒဏ်ရာနှင့် မစန်းဝင်းစိန်တွင် ၀ဲ/ယာတံတောင်ဆစ်/၀ဲတင်ပါး/ယာခြေထောက်ပွန်းပဲ့၊ လည်ပင်းရိုးနာကျင်၊ ရင်ဘတ်အောင့်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ မောင်စိုးအား ဘုရားတောင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထို့နောက် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေသော မောင်စိုးမှာ ရရှိသောဒဏ်ရာများဖြင့် မတ်လ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် သေဆုံးသွားခဲ့သောကြောင့် ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ မှ ၃၀၄-က/၃၃၈ သို့ ပြောင်းလဲ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ