Valentine’s Day ကို မသိချင်ယောင်ဆောင်ခဲ့တာ နှစ်တွေ တော်တော် များပြီဆိုတဲ့ နေတိုး

နေတိုးက ‘လောင်ကျွမ်းနေတဲ့ အိပ်မက်များ’ ဇာတ်ကားကို ရိုက်ကူး နေ ပါတယ်။ စာရေးဆရာတစ် ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ နေတိုး က ဒီဇာတ်ကားက ပရိသတ်တွေအတွက် အသစ်တစ်ခု ဖြစ်စေနိုင်တယ် လို့ ပြောပြပါတယ်။

”ဒီဇာတ်ကားပုံစံ အလားတူမျိုး ကို ထပ်ရိုက်လို့လည်း မရဘူး။ ဇာတ်လမ်းရဲ့တင်ပြပုံကအစ အသေး စိတ်၊ ဇာတ်ညွှန်းတွေရော အကုန်ပေါ့။ အိုက်တင်တစ်ချက်က အတွေးပေါင်းများစွာကို တွေးလို့ရတဲ့ အိုက်တင်မျိုး ပေါ့။ ၂ဝ၁၄ အတွက် ကျွန်တော့်ရဲ့ အနုပညာအသစ်တစ်ခု လို့ သုံးသပ်မိတယ်။ ကျွန်တော်တအားကြိုက်တဲ့ ဇာတ်တစ်ခုပေါ့။
ဇာတ်ကောင်စရိုက် ကိုလည်း အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားထားပါ တယ်” လို့ ပြောပြပါတယ်။ နေတိုးနဲ့ ရိန်မိုးတို့ရဲ့ ‘ဖန်ဆင်းရှင်’ သီချင်းခွေ ဗီစီဒီကိုလည်း ၂ဝ၁၄ မှာပဲထွက်နိုင်အောင် စီစဉ်နေတယ်လို့ ပြောပြ တာ ကြောင့်”ကျွန်တော် သီချင်းခွေကိုတော့ ဗီစီဒီအတွက် ဒီနှစ် ထဲမှာပဲထွက်နိုင်အောင် စီစဉ်မှာပါ။ သီချင်းခွေတုန်း ကလည်း တစ်ပုဒ်ချင်းစီမှာ ခံစားပြီး အတတ်နိုင်ဆုံးဆိုခဲ့တယ်။ သီချင်းကို မဆိုခင်ကတည်းက ကြိုက်ခဲ့တာ ‘လေနှင် တိမ်’ ၊ ‘ထွက်ပေါက်’၊ ‘Baby I Miss You’၊ ‘ဖန်ဆင်းရှင်’ သီချင်း တွေပေါ့။ ကိုရိန်မိုးထဲမှာက ‘ကောင်မလေး’၊ ‘ချိုချစ်ခါး’ သီချင်းတွေကြိုက်တယ်။ ပရိသတ်တွေက ‘လေနှင် တိမ်’ နဲ့ ‘Baby I Miss You’ သီချင်းတွေကြိုက်တော့ ထပ်တူညီတယ်လို့ပြောရမယ်” လို့ပြောပြပါတယ်။

Valentine’s Day နဲ့ပတ်သက်ပြီးလည်းနေတိုး ရဲ့ခံစားချက် ကို မေးကြည့်ဖြစ်ခဲ့ပြန်တော့ “ကျွန် တော် Valentine’s Day နေ့မှာ ရိုက်ကွင်းမှာပဲရှိမှာပါ။ အဲဒီနေ့ကို ကိုယ့်ကိုယ်ကိုယ် မေ့ ချင် ယောင်၊ မသိချင်ယောင်ဆောင်နေခဲ့ တဲ့ နှစ်တွေက တော်တော်များခဲ့ပြီ။ ဒီနှစ်လည်း အဲဒီလိုပဲ ဖြစ်မယ်ထင်တယ်။ လူသားတစ်ယောက်အနေနဲ့ ဒီနေ့လေးက အကုန်လုံးနဲ့သက်ဆိုင်ပါတယ်။ ချစ်စရာကောင်းတဲ့ ကြည်နူးစရာကောင်းတဲ့နေ့လေးပါ။အသက်၂ဝလောက်ကစပြီးValentine Day နေ့အပေါ်ခံစားမှုတော့ရှိခဲ့တယ်။ အနုပညာ အလုပ်တွေ စလုပ်ပြီး ၁ နှစ်၊ ၂ နှစ်လောက် မှာ တော့ ဒီအတိုင်းမသိမသာပဲစတင်ဖြတ်သန်းဖြစ်ခဲ့တာ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ