တိုရေးကို FAစွဲချက်တင်ဖွယ် ရှိသော်လည်း ပယ်လီဂရီနီ မစိုးရိမ်

မန်ချက်စတာ စီးတီးအသင်း ကွင်းလယ်လူ ယာယာတိုရေး အနေဖြင့် FA၏ စွဲချက်တင်မှု တစ်ခုကို ရင်ဆိုင်ရဖွယ် ရှိနေပြီး အသင်းမန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီကမူ စိုးရိမ်မှု မရှိဟု ပြောဆိုထားသည်။

နောဝှစ်ခ်ျစီးတီးနှင့် ဂိုးမရှိ သရေကျခဲ့သည့် ပွဲစဉ်တွင် အိုင်ဗရီကို့စ် လက်ရွေးစင် ကစားသမားသည် ပြိုင်ဘက်အသင်းမှ တိုက်စစ်မှူး ရစ်ကီဝုလ်ဖ်ဝင်ကယ်လ်ကို နောက်ဆုံးမိနစ်ပိုင်း၌ ကန်ကျောက်ခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ ယင်းကိစ္စကို နယ်သာလန် တိုက်စစ်မှူး ဝုလ်ဖ်ဝင်ကယ်လ်က ဒိုင်လူကြီး ဂျွန်မော့စ်အား ဒေါသတကြီး တိုင်ကြားခဲ့သည်။ FAသည် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လည်သုံးသပ် လေ့လာမည်ဖြစ်ပြီး ကာရိုးရုဒ်မှ အဖြစ်အပျက်အတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို တိုရေးအနေဖြင့် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

ပယ်လီဂရီနီက "ဘာတွေဖြစ်သွားတယ် ဆိုတာကို ကျွန်တော် မမြင်လိုက်ဘူး။ ဒါပေမဲ့ ဒီကိစ္စကို ကျွန်တော် စိတ်လည်း ပူနေစရာ မရှိပါဘူး"ဟု ဆိုသည်။ မန်စီးတီးသည် ယခုရာသီ တိုက်စစ်အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေသော်လည်း ချယ်လ်ဆီးနှင့် နောဝှစ်ခ်ျတို့ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့ချေ။ အဆိုပါ နှစ်ပွဲလုံးတွင် အသင်း၏ အဓိက တိုက်စစ်မှူး ဆာဂျီယို အဂူရို မကစားနိုင်ဘဲ ဒဏ်ရာကြောင့် လွဲချော်ခဲ့သည်။ ပယ်လီဂရီနီက "အရေးအကြီးဆုံး အချက်က လောလောဆယ် ကျွန်တော်တို့မှာ ကစားသမားတွေအားလုံး (၁၀၀)ရာခိုင်နှုန်း ကစားနိုင်ခြေ မရှိသေးတာပါ။ ဒါက တကယ့်ပြဿနာပဲ။ အဂူရို မကစားနိုင်ဘူး။ တခြားတိုက်စစ်မှူးတွေထဲမှာ အယ်လ်ဗာရို နီဂရီဒိုက ရာနှုန်းပြည့် ခြေစွမ်းအမှန် မရသေးဘူး။ အီဒင်ဂျက်ကိုလည်း တူတူပဲ။ နောဝှစ်ခ်ျနဲ့ပွဲမှာ အားလုံးကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ဂိုးရဖို့က တော်တော် ခက်ခဲခဲ့ပါတယ်။ လူတွေက ကျွန်တော်တို့ ဘယ်နှဂိုး သွင်းထားတယ် ဆိုတာကို ပြောဆိုနေကြတယ်။ တကယ်တမ်းက ဂိုးတိုင်းဂိုးတိုင်း သွင်းယူဖို့ ခက်ခဲလေ့ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီးနဲ့ပွဲလိုပဲ ထပ်မှားခဲ့ပြန်ပြီ ထင်ပါတယ်။ ကျွန်တော်တို့ ဂိုးပေါက်ကို အကြိမ်ကြိမ်ကန်တယ်။ ဒါပေမဲ့ ပစ်မှတ်နဲ့တော့ လွဲခဲ့တယ်လေ"ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ