One Direction စတားနှင့် သတင်းထွက်လာသည့် ဆယ်လီနာဂိုမက်ဇ်

ဂျက်စတင်ဘီဘာနှင့် လမ်းခွဲခဲ့သည့်နောက် ဆယ်လီနာ အနေဖြင့် နောက်ထပ် လူငယ်ဂီတ ကြယ်ပွင့်သစ် တစ်ဦးနှင့် ဇာတ်လမ်းစနေပြီဟု သတင်းများက ဖော်ပြလာခဲ့

ဆယ်လီနာဂိုမက်ဇ် အနေဖြင့် One Direction အဖွဲ့ဝင် တစ်ဦးဖြစ်သူ နီးလ်ဟိုရန်နှင့် တွဲနေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဆယ်လီနာနှင့် နီးလ်တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က လန်ဒန်တွင် ညဘက်အတူထွက်လည်ရင်း ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့ကြောင်း သိရသည်။ ဂျက်စတင်ဘီဘာနှင့် လမ်းခွဲခဲ့သည့်နောက် ဆယ်လီနာ အနေဖြင့် နောက်ထပ် လူငယ်ဂီတ ကြယ်ပွင့်သစ် တစ်ဦးနှင့် ဇာတ်လမ်းစနေပြီဟု သတင်းများက ဖော်ပြလာခဲ့သည်။ ဆယ်လီနာကို ဂျက်စတင်နှင့် ကင်းကင်းကွာကွာ ရှိစေလိုသည့် မိသားစုများနှင့် မိတ်ဆွေအပေါင်းအသင်းများ အတွက်မူ ယခုကိစ္စသည် ကြိုဆိုရမည့် သတင်းကောင်းလည်း ဖြစ်လာသည်။

Popဂီတ ကြယ်ပွင့်သစ်လေး နှစ်ဦးတို့သည် လန်ဒန်တွင် တနင်္ဂနွေနေ့ ညနေခင်းက အတူတကွ ဆုံဆည်းခဲ့ခြင်းဟု သိရသည်။ ၎င်းတို့နှစ်ဦးလုံး၏ ပရိသတ် တစ်ဦးက ဆယ်လီနာ၊ နီးလ်တို့နှင့် အတူရှိနေသည့် ဓာတ်ပုံကို Twitterတွင် လွှင့်တင်ခဲ့ပြီးနောက် ယင်းကိစ္စသည် လျင်လျင်မြန်မြန် သတင်းပျံ့လာခဲ့သည်။ JBarnsဟု အမည်ပေးထားသည့် Twitter Accountပိုင်ရှင်က အခြားသူငယ်ချင်း တစ်ဦးနှင့်အတူ နီးလ်၊ ဆယ်လီနာတို့ကို ခွင့်တောင်းကာ ဓာတ်ပုံရိုက်ထားခြင်း ဖြစ်သည်။

JBarnsက သူမ၏ မျက်နှာကို ကြောင်ရုပ်လေးတစ်ခုဖြင့် အစားထိုး ဖုံးကွယ်ပြီး ယင်းဓာတ်ပုံကို Twitterပေါ် တင်ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၀) အရွယ်ရှိ နီးလ်နှင့် ၎င်းထက် (၁)နှစ်ပိုကြီးသော ဆယ်လီနာတို့သည် လန်ဒန်၏ ညရှုခင်းကို နှစ်သက်ခံစားရင်း စိတ်လှုပ်ရှားနေဟန် ရှိကြောင်းလည်း သူမက နောက်ပိုင်းတွင် မှတ်ချက်ပေးခဲ့သည်။ ဆယ်လီနာသည် ကနေဒါ လူငယ်Popဂီတ ကြယ်ပွင့် ဂျက်စတင်ကို (၂)နှစ်ကြာ တွဲခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ကမူ ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေး ဆုံးခန်းတိုင်သွားခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ