နှစ်ပေါင်းများစွာ အတွင်း ဘာစီလိုနာ အညံ့ဆုံး ဖြစ်နေကြောင်း မော်ရင်ဟို၏ စကားကို ဖာဘရီဂက်စ် တုံ့ပြန်

ဘာစီလိုနာ အနေဖြင့် ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း အညံ့ဆုံး အဆင့် ဖြစ်နေကြောင်း ဝေဖန်ခဲ့သည့် ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟို အနေဖြင့် လတ်တလောတွင် ပါးစပ် ပိတ်နေ ရတော့မည်ဟု ဆက်စ်ဖာဘရီဂက်စ်က လှောင်ပြောင်လိုက်သည်။

မန်ချက်စတာ စီးတီးနှင့် ဘာစီလိုနာတို့ ကစားသည့် ချန်ပီယံလိဂ် ပွဲစဉ်မတိုင်မီတွင် မော်ရင်ဟိုက ဘာစီလိုနာသည် ပြီးခဲ့သည့် နှစ်ပေါင်း အတော်များများ အတွင်း ယခုရာသီ ခြေစွမ်း အညံ့ဆုံး ဖြစ်နေကြောင်း၊ ထို့ကြောင့်လည်း မန်စီးတီး အနေဖြင့် ဘာစီလိုနာကို ကျော်ဖြတ်နိုင်မည့် အခွင့်အလမ်းကောင်း ရှိနေကြောင်း သုံးသပ် မှတ်ချက်ပြု ခဲ့သည်။ သို့သော်လည်း ဘာစီလိုနာသည် ပထမအကျော့တွင် အစ်တီဟတ်၌ ကစားပြီး အိမ်ကွင်းခြေစွမ်း ထက်မြက်လှသည့် မန်စီးတီးကို (၂-၀)ဖြင့် အနိုင်ရသွားခဲ့သည်။ စပိန်လက်ရွေးစင် ဖာဘရီဂက်စ်က အဆိုပါ ပွဲစဉ် အပြီးတွင်ပင် မော်ရင်ဟိုကို ရည်ရွယ်ပြီး ထိုးနှက်စကား ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ITVက ဖာဘရီဂက်စ်အား ဘာစီလိုနာ၏ ခြေစွမ်းသည် နှစ်အတော်များများတွင် အနိမ့်ဆုံး ဖြစ်နေသည်ဆိုသော မော်ရင်ဟို၏ မှတ်ချက်နှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက "ခုလောလောဆယ် ကျွန်တော်တို့ စပိန်လာလီဂါမှာ ထိပ်ဆုံးရောက်နေတယ်။ ဒီညမှာ ကောင်းမွန်တဲ့ ရလဒ်တစ်ခု ရယူခဲ့တယ်။ ရှုံးထွက်ဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲထိ တက်ထားပြီးပြီ။ ဒီအခြေအနေမှာ ဘာကို ထပ်တောင်းဆိုသင့်သလဲ။ စပိန်မှာ ပရိသတ်တွေက အသင်းနဲ့ ပတ်သက်ပြီး အများကြီး ဖိအားပေးကြတယ် ဆိုတာက အသင်းအပေါ် ထူးထူးခြားခြား ခံစားမှုမျိုး မြှုပ်နှံထားလို့ပါ။ ကျွန်တော်တို့ အနေနဲ့ ပုံစံကောင်းတစ်ခုနဲ့ မန်စီးတီးကို ရင်ဆိုင်နိုင်ခဲ့တယ် ဆိုရင်တောင် ဒါဟာ အကောင်းဆုံး သက်သေပြမှု တစ်ခုဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီထက်ပိုတဲ့ စွမ်းဆောင်ရည်မျိုးကို ဘာစီလိုနာက ဖန်တီးပြခဲ့တယ်။ ဒီနေ့ဟာ အဲဒီလို အခြေအနေတွေထဲက တစ်နေ့ပဲ"ဟု ဆိုသည်။

ဖာဘရီဂက်စ်က "ဘာစီလိုနာဟာ ဟိုးအရင် ဘာစီလိုနာ မဟုတ်တော့ပါဘူးလို့ ပြောတဲ့သူတွေက ပြောကြတယ်။ တချို့ကဆိုရင် လွန်လွန်ကဲကဲကြီးတွေကို ပြောဆိုကြတာပါ။ ခုချိန်မှာတော့ ဒီလိုလူစားတွေ ရက်နည်းနည်းလောက် ပါးစပ်ပိတ် အသံတိတ်နေတော့မှာပေါ့လေ"ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ