စင်ပေါ်တက်ပြီး စာပေးခံလိုက်ရသည့် တေလာဆွစ်ဖ်



တေလာ့ကို အလွန်ချစ်ခင်စွာ အားပေးနေသည့် အမျိုးသား ပရိသတ် တစ်ဦးသည် လန်ဒန်မြို့၊ O2 အားကစားကွင်းကြီး၌ ပြုလုပ်သော ဖျော်ဖြေပွဲတွင် စင်ပေါ်ထိ တက်လာကာ သူမကို စာပေးသွားခြင်း ဖြစ်သည်

တေလာဆွစ်ဖ်တစ်ယောက် လူပေါင်းများစွာရှေ့မှောက် ဖျော်ဖြေနေစဉ် အတောအတွင်းမှာပင် စင်ပေါ်ထိတက်ကာ စာပေးခံလိုက်ရကြောင်း သိရသည်။ အသက်(၂၄)နှစ်ရှိ Countryဂီတစတား အဆိုတော်မလေးသည် ကမ္ဘာလှည့် ဖျော်ဖြေပွဲ ခရီးစဉ်အဖြစ် အမေရိကန်မှ ခြေဆန့်ထွက်ခွာလာပြီး ဗြိတိန်နိုင်ငံ အရောက်တွင် ယခုလို ကြုံခဲ့ရခြင်း ဖြစ်သည်။ တေလာ့ကို အလွန်ချစ်ခင်စွာ အားပေးနေသည့် အမျိုးသား ပရိသတ် တစ်ဦးသည် လန်ဒန်မြို့၊ O2 အားကစားကွင်းကြီး၌ ပြုလုပ်သော ဖျော်ဖြေပွဲတွင် စင်ပေါ်ထိ တက်လာကာ သူမကို စာပေးသွားခြင်း ဖြစ်သည်။ စင်မြင့်လုံခြုံရေး တာဝန်ခံများသည် ထိုသူ စင်ပေါ်အလစ်ပြေးတက်သွားသည်ကို မတားဆီးနိုင်ခဲ့ချေ။

တေလာသည် သူမ၏ နာမည်ကျော် We Are Never Getting Back Together သီချင်းကို ဖျော်ဖြေနေစဉ် ထိုသူက စင်ပေါ် တက်သွားခြင်း ဖြစ်သည်။ တေလာသည် အတန်ငယ် အံ့ဩသွားဟန် ရှိသော်လည်း ထိုပရိသတ်ကို အပြုံးနှင့် ဆီးကြိုခဲ့သည်။ ထို့နောက် ယင်းပရိသတ်က တေလာကို စကားအနည်းငယ်ပြောပြီး စာရွက်ငယ်တစ်ခု လက်ထဲထည့်ပေးကာ စင်ပေါ်မှ ပြန်ဆင်းသွားခဲ့သည်။ လုံခြုံရေး ဝန်ထမ်းများသည် အစောပိုင်းက ၎င်းကို အကအဖွဲ့ဝင် တစ်ဦးဟုသာ အထင်မှားနေခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန် ဖျော်ဖြေပွဲတွင် ထိုသူစင်ပေါ်မှ ဆင်းလာသည့်နောက် လုံခြုံရေးများက အကြမ်းပတမ်း ဖမ်းဆီးချုပ်နှောင်ခဲ့သည်ကို ပွဲကြည့်ပရိသတ်များက ဝေဖန် ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။

မျက်မြင်တစ်ဦးဖြစ်သော အန်ဒရူးဆင်မ်ဆမ်က "ဒါဟာ လုံခြုံရေးအဖွဲ့ရဲ့ အားနည်းမှုသက်သက်ပဲလေ။ ကျွန်တော်တော့ ရုတ်တရက် ယုံတောင် မယုံဘူး။ လူတစ်ယောက် စင်ပေါ်ကို ပြေးတက်သွားတော့ အားလုံးက အကသမားလို့ ထင်နေတာ။ နောက်မှ ဒါဟာ တစ်ခုခု အမှားအယွင်း ဖြစ်နေပြီဆိုတာ သတိထားမိလာတယ်။ အဲဒီလူကိုမြင်တော့ တေလာက ရယ်ချင်သွားပုံရတယ်။ သူက တေလာ့ကို တစ်ခုခုပြောဖို့ ကြိုးစားတယ်။ ပြီးတော့ တေလာ့လက်ထဲ တစ်ခုခု ထည့်ပေးလိုက်တယ်။ တေလာကလည်း ယူထားတယ်။ အဲဒီလူ ပြန်ဆင်းလာတော့မှ လုံခြုံရေးတွေက ဝုန်းဒိုင်းကြဲပြီး သူ့ကို ဖမ်းကြတော့တာပဲ။ လှေကားထစ်တွေအတိုင်း သူ့ကို တရွတ်ဆွဲပြီး ခေါ်သွားတယ်"ဟု ပြောကြားခဲ့သည်။

အခြားမျက်မြင် တစ်ဦးကလည်း "အဲဒီနားမှာ ကလေးတွေ၊ လူငယ်လူရွယ်လေးတွေ အများကြီး ရှိနေတယ်။ ဘာတွေဖြစ်နေတယ် ဆိုတာကို လုံခြုံရေးတွေက နားလည်ပုံ မရဘူး။ ကျွန်မသမီးနှစ်ယောက်က အသက်(၉)နှစ်နဲ့ (၁၃)နှစ်စီပဲ ရှိကြသေးတယ်။ သူတို့မြင်သမျှကို တုန်လှုပ်နေတယ်။ သမီးငယ်က ဒီလူထူးလူဆန်းက ဘာလို့ စင်ပေါ်ပြေးတက်သလဲ ဆိုတာကို မေးပါတယ်။ ပြီးတော့ တခြားလူတွေက ဘာကြောင့် အတင်းဆွဲချကြတယ် ဆိုတာကိုလည်း သူနားမလည်ဘူး။ ဖြစ်ရပ်တစ်ခုလုံးကို သူ့အသိဉာဏ်နဲ့ ခြုံငုံပြီး သရုပ်မခွဲနိုင်သေးဘူးလေ"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ တေလာသည် လန်ဒန်ဖျော်ဖြေပွဲတွင် ဖက်ရှင်အမျိုးမျိုး ပြောင်းလဲသွားခဲ့ပြီး I Knew You Were Trouble၊ 22နှင့် Love Storyတို့ကဲ့သို့ လူသိများသော သီချင်းများကို ဖျော်ဖြေသီဆိုသွားခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ