လစာလျှော့ယူကာ ဂျူဗင်တပ်သို့ အော့စ်ဗယ်ဒိုပြောင်းခဲ့ခြင်းဖြစ်

အန်တိုနီယိုကွန်တီက ပါဘလိုအော့စ်ဗယ်ဒိုမှာ လစာလျှော့ယူကာ
ဆောက်သမ်တန်မှ ဂျူဗင်တပ်သို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့ခြင်း
ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အီတလီလက်ရွေးစင်သည် လေ့ကျင့်ရေးကွင်းတွင် ကစားဖော်ဖွန်တီ
နှင့်အချင်းများ၍ (၂)ပတ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပြီးနောက်
ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင် ဆောက်သမ်
တန်မှ ဂျူဗင်တပ်သို့ ရာသီဝက်အငှားဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ဂျူဗင်တပ်သည် အော့စ်ဗယ်ဒို၏အငှားစာချုပ်အတွင်းတွင် ခြေစွမ်းကိုနှစ်
သက်ပါက ရာသီအကုန်တွင် ယူရို(၁၉)သန်းဖြင့် အပြီးသတ်ခေါ်ယူ
နိုင်မည့်အချက်ကိုလည်း ထည့်သွင်းထားသည်။

ကွန်တီက“ကျွန်တော်တို့ဟာ သူ့ကို ခေါ်ယူနိုင်မယ့်အခွင့်အရေးကို
အမိအရဆုပ်ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ကစားသမားကလည်း ဂျူဗင်တပ်
ို့သို့ တကယ်ပဲ လာကစားချင်နေတဲ့သူဖြစ်ပါတယ်။ သူဟာတောင်းဆိုမှု
တွေကို လျှော့ခဲ့ပါတယ်။ သူ့ကြောင့် ကျွန်တော်တို့ရဲ့တိုက်စစ်
ပိုပြီးတော့ ကောင်းမွန်လာပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

အသက်(၂၈)နှစ်ရှိအော့စ်ဗယ်ဒိုသည် ပြီးခဲ့သည့်နွေရာသီတွင်
ရိုးမားမှ ဆောက်သမ်တန်သို့ ပြောင်းရွှေ့ပြီးနောက် ပရီးမီးယား
လိဂ်ပွဲ(၁၃)ပွဲတွင် (၃)ပွဲသာ သွင်းယူနိုင်ခဲ့သူဖြစ်သည်။

Goal Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ