ဒေးဗစ်မိုယက်စ်ကို Twitter မှတစ်ဆင့် လှောင်ပြောင်လိုက်သည့် ဖရင်ပေါင်

မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာသစ်အဖြစ် ဒေးဗစ်မိုယက်စ် တာဝန်ယူပြီးနောက် ရလဒ်များ ကျဆင်းနေသည်ကို အာဆင်နယ် ကွင်းလယ်လူ အီမန်နျူရယ်လ် ဖရင်ပေါင်က လှောင်ပြောင်လိုက်သည်။

ယခုရာသီ မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာသစ်အဖြစ် ဒေးဗစ်မိုယက်စ် တာဝန်ယူပြီးနောက် ရလဒ်များ ကျဆင်းနေသည်ကို အာဆင်နယ် ကွင်းလယ်လူ အီမန်နျူရယ်လ် ဖရင်ပေါင်က လှောင်ပြောင်လိုက်သည်။ အာဆင်နယ်သည် ပြီးခဲ့သည့် (၈)နှစ်လုံးလုံး မည်သည့်ဆုဖလားမျှ မရရှိခဲ့သော်လည်း လက်ရှိရာသီတွင် ပုံစံကောင်း ရနေပြီး အင်္ဂလန် အမှတ်ပေးဇယားကို ဦးဆောင်လျှက် ရှိသည်။ ထိုအချိန်တွင် ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားပြီးနောက် ယူနိုက်တက်ကို ဆက်ခံကိုင်တွယ်နေသည့် အဲဗာတန် မန်နေဂျာဟောင်း မိုယက်စ်မှာမူ ကြီးကြီးမားမား ရုန်းကန်နေရသည်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ယူနိုက်တက် အနေဖြင့် အမှတ်ပေးဇယား အဆင့်(၇)တွင် ရှိနေပြီး အာဆင်နယ်နောက် (၁၁)မှတ် ပြတ်ကျန်နေပြီ ဖြစ်သည်။

အသက်(၂၁)နှစ်ရှိ ဂါနာလက်ရွေးစင် ဖရင်ပေါင်က ယူနိုက်တက်တွင် အဆင်မပြေ ဖြစ်နေသည့်နောက် မိုယက်စ်အနေဖြင့် အဲဗာတန်၏ အိမ်ကွင်း ဂွတ်ဒီဆင်ပါ့ခ်သို့ ပြန်သွားရန်အတွက် တက္ကစီငှားနေပုံကို ဖြတ်ညှပ်ကတ် ဓာတ်ပုံတစ်ခုဖြင့် Twitterပေါ်တွင် လှောင်ပြောင်လွှင့်တင်ထားခဲ့သည်။ ထိုဓာတ်ပုံတွင် ဖရင်ပေါင်က "မိုယက်စ်အတွက် တက္ကစီ"ဆိုသော ပုံညွှန်းစာကိုလည်း ရေးသားထားသေးသည်။ သို့သော်လည်း ဖရင်ပေါင်သည် ယင်းဓာတ်ပုံကို ခဏအကြာတွင် ပြန်လည်ရုပ်သိမ်းပယ်ဖျက်ခဲ့ကြောင်းလည်း သိရသည်။ ယူနိုက်တက်သည် ယခုရာသီတွင် ခြေစွမ်းတောက်လျှောက် ယိမ်းယိုင်နေသလို (၂၀၁၄)ခုနှစ်အတွင်း ကစားထားသည့် ပြိုင်ပွဲစုံ (၃)ပွဲတွင် (၃)ပွဲစလုံး (၂-၁)ဖြင့် အရေးနိမ့်ထားပြီး ဖြစ်သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ