အသင်းနှင့် အပေါ့စား လေ့ကျင့်ခန်းများ ပြန်လည် ပြုလုပ်နိုင်ခဲ့သည့် ရီယိုဖာဒီနန်

ရီယိုဖာဒီနန်သည် အင်္ဂါနေ့က မန်ချက်စတာ ယူနိုက်တက်၏ လေ့ကျင့်ရေး ကွင်းတွင် အပေါ့စား လေ့ကျင့်ခန်းများ ပြန်လည် ပြုလုပ်နိုင်ခဲ့သော်လည်း ဒူးခေါင်း ဒဏ်ရာကြောင့် နောက်ထပ် နှစ်ပတ်ခန့် ဆက်လက် အနား ယူရဦးမည် ဖြစ်ကြောင်း Goal မှ ဖော်ပြခဲ့သည်။

မန်ချက်စတာယူနိုက်တက် နောက်ခံ ကစားသမားသည် ဆန်းဒါးလန်းကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိသော်လည်း အင်္ဂါနေ့က ကာရင်တန်ကွင်းသို့ လာရောက်ကာ အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။

အသက် ၃၅ နှစ်အရွယ် ယူနိုက်တက် ကစားသမားသည် ဆွမ်ဆီးစီးတီးကို ရှုံးနိမ့်ခဲ့သည့် အက်ဖ်အေဖလား ပွဲစဉ်တွင် ဒဏ်ရာရရှိသွားခဲ့သည်။ အဆိုပါ ဒဏ်ရာကို တနင်္လာနေ့က scan စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် ဒဏ်ရာမှာ ထင်သလောက် ဆိုးရွားခြင်း မရှိခဲ့သော်လည်း ရက်သတ္တပတ် အနည်းငယ်ခန့် အနားယူရမည်ဟု ဆိုသည်။

ယူနိုက်တက်သည် လာမည့် စနေနေ့တွင် ဆွမ်ဆီးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်တွင် ချယ်ဆီးနှင့် တွေ့ဆုံရမည် ဖြစ်သည်။ အသင်းဆရာဝန်များ၏ အဆိုအရ ဖာဒီနန်သည် ဆန်းဒါးလန်းနှင့် ကစားရမည့် ကပ်ပီတယ်ဝမ်းဖလား ဒုတိယအကျော့ ပွဲစဉ်တွင် ကြံ့ခိုင်မှု အပြည့်ဖြင့် ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

Ref:Goal
Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ