ဓမ္မာရုံ ဒု-ဥက္ကဋ္ဌကို လူ၅ဦး ခဲဖြင့် ၀ိုင်းထု ၂၂ ချက်ချုပ်ရ

မြောက်ဥက္ကလာပမြို့နယ် ခ ရပ်ကွက် ၀ါပဆွမ်းလောင်းအသင်း မဉ္ဇူလမ်း ဓမ္မာရုံ ဒု-ဥက္ကဋ္ဌဦးတင်ထွန်းကို လူ ၅ ဦးက ခဲဖြင့် ၀ိုင်းထုသဖြင့် ဦးခေါင်းတွင် ဒဏ်ရာကာ ၂၂ ချက် ချုပ်ခဲ့ရကြောင်း ကာယကံရှင်ထံမှ သိရသည်။

ဖြစ်ပွားပုံမှာ ဇန်န၀ါရီ ၇ရက် ညနေ ၄ နာရီခန့်တွင် ၀ါပဆွမ်းလောင်းအသင်း မဉ္ဇူလမ်း ဓမ္မာရုံ ဒု-ဥက္ကဋ္ဌက အနာကပ် ပလာစတာ ၀ယ်ရန် လမ်းထိပ်ဈေးဆိုင်သို့ အသွား တစ်ဖက်မှ အရှိန်ပြင်းစွာ မောင်းနှင် လာသော ယောက်ျားသုံးဦးစီးလာသည့် မော်တော် ဆိုင်ကယ်နှင့် တိုက်လုနီးပါးဖြစ်ခဲ့ရာ ဦးတင်ထွန်းက ဖြည်းဖြည်းမောင်းရန် ပြောဆို ခဲ့ကြောင်း၊ ၎င်းသုံးဦးက ဆိုင်ကယ်မောင်း၍ ဆက်လက်ထွက်သွားခဲ့ပြီး ဦးတင်ထွန်းက ပြန်လာကာ အဖော်များနှင့် ခြင်းလုံးခက်နေစဉ် ၎င်းသုံးဦး ပြန်ရောက်လာပြီး “မင်းက မကျေနပ်ဘူးလား”ဟု ပြောဆိုရာ ကိုတင်ထွန်းက ထိုသုံးဦးအား တောင်းပန်ပြီး ခြင်းလုံး ဆက် ခတ်နေကြောင်း ကာယကံရှင် ဦးတင်ထွန်းက ရှင်းပြသည်။

ယင်းနောက် မကြာမီတွင် ၎င်းတို့ ၃ဦးအပြင် နောက်ထပ်၂ဦးကို ထပ်မံခေါ်လာကာ အုတ်ခဲများဖြင့် ဦးတင်ထွန်းအား ၀ိုင်းထုကြကြောင်း၊ လက်ဖြင့်ကာရင်း နောက်ဆုတ်သွားရာ ဓာတ်တိုင် တစ်တိုင်ခန့်အကွာ အရောက်တွင် လဲကျသွားခဲ့ရာ မလှုပ်နိုင်တော့သည့် အခြေအနေရောက်အောင် ခဲများဖြင့် ထုခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

အနီးဝန်းကျင်ရှိ လူများရောက်လာချိန်တွင် ရိုက်နှက်သူများ ထွက်ပြေးသွားကြပြီး ဦးတင်ထွန်းမှာ သတိမေ့သွားသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ကုသဆောင်သို့ ပို့ဆောင်လိုက်ရကြောင်း အဆိုပါလမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

“ရဲကတော့ မနေ့ ညနေက ကျွန်တော့်ကို လာစစ်သွားတယ်၊တရားခံတွေက ထွက်ပြေးနေတုန်းပဲ၊ ကျွန်တော့်ကို ကြိုးစားပေးပါ မယ်လို့တော့ ပြောသွားတယ်”ဟု ကာယကံရှင် ဦးတင်ထွန်းက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပရဲစခန်းမှ အမှုစစ်ဆေး ဆက်သွယ်မေးမြန်းရာ အထက်အရာရှိနှင့် စကားပြော နေသဖြင့် မအားလပ်သေးကြောင်း ပြန်လည်ပြောကြားသည်။

ဝေဖြိုး
People power


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ