မြန်မာဘောလုံးသမားတွေကို လစာ လျော့ချ သတ်မှတ်

ပြီးခဲ့တဲ့နှစ်အတွင်း ကျင်းပခဲ့တဲ့ အာဆီယံ ဆူဇူကီးဖလား၊ ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွေမှာ အောင်မြင်မှု မရလို့ ဆိုပြီး မြန်မာဘောလုံးသမားတွေရဲ့ လစာကို လျော့ချ သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။

ဇန်န၀ါရီ ၈ ရက်နေ့က ဘောလုံးအဖွဲ့ချုပ်ရုံးခန်းမှာ ပြုလုပ်တဲ့ ကလပ်အသင်းပိုင်ရှင်တွေ၊ တာဝန်ရှိသူတွေနဲ့ ဘောလုံးသမားတွေ တက်ရောက်တဲ့ အစည်းအဝေးမှာ ညှိနှိုင်းပြီးတဲ့နောက် ခုလို သတ်မှတ်လိုက်တာလို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိ သတ်မှတ်လိုက်တဲ့ သတ်မှတ်ချက်အရ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အဆင့် ကစားသမားတွေကို လစာ ကျပ် ၂ သိန်းကနေ ၅ သိန်းအထိ၊ နိုင်ငံအဆင့် လက်ရွေးစင် အသင်းတွေမှာ ကစားခဲ့သူတွေကို ၁ လ ကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိ သတ်မှတ်ခဲ့ပါတယ်။

ဒီမတိုင်ခင်ကတော့ ကလပ်အသင်းတွေမှာ ကစားတဲ့ လက်ရွေးစင်အဆင့် ကစားသမား တွေဟာ လစာ ကျပ် သိန်း ၂၀၊ သိန်း ၃၀ အထိ ရနေသူတွေ ရှိကြပါတယ်။

မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်မှု ရလာရင် လစာတွေ ပြန်တိုးပေးမယ်လို့ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်က သတင်းထောက်တွေကို ပြောပါတယ်။

By ဒီဗွီဘီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ