ပွင့်ဖြူ ဇန်န၀ါရီ ၈
မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်တွင်(၈-၈-၂၀)ရက်နေ့(၁၀)နာရီ အချိန်က မ×××× (၁၇)နှစ် ဈေးရောင်း၊ ကျောင်းကုန်းကြီးကျေးရွာ၊ ပွင့်ဖြူမြို့နေ သူသည် ကျောင်းကုန်းကြီးကျေးရွာမှ ရေပုတ်ကြီးကျေးရွာသို့
ဈေးရောင်းချရန် သွားစဉ် ညနေပိုင်း(၃)နာရီအချိန်ခန့်က ခဲအိုတော်စပ်သူ တင်ရွှေ(၄၅)နှစ်၊ ကျပန်း(ဖ) ဦးလူခင်၊ရေပုတ်ကြီးကျေးရွာ၊ ပွင့်ဖြူမြို့ နယ်နေသူမှ မှိုဝယ်ရန်ခေါ်သဖြင့် ၄င်း၏ဆိုင်ကယ်နောက်မှ လိုက်သွား ခဲ့ပြီး ရေပုတ်ကြီးကျေးရွာ မြောက်ဘက်တောစပ်တွင် တင်ရွှေမှ ဆိုင်ကယ်ထားခဲ့၍ တောထဲသို့ ခြေလျင် ခေါ်သဖြင့် လိုက်သွားခဲ့ရာ ထိုတောထဲတွင် အလိုမတူဘဲ သားမယားအဖြစ် (၃)ကြိမ်ပြုကျင့်ခဲ့ပြီး၊ (၉-၈-၂၀၁၃) ရက်နေ့ ညတွင် ထိုတောထဲတွင် သားမယားအဖြစ်(၂)ကြိမ် ထပ်မံပြု ကျင့် ခဲ့ပြီးနောက် တင်ရွှေ ယခင် မီးသွေးဖုတ် အလုပ် လုပ်ကိုင် သည့် စေတုတ္တရာမြို့နယ်၊ခိုနန်းရွာ အနောက် ဘက်တော ထဲသို့ ခြေလျင် ခေါ်သွား ပြီး ၄င်းတောထဲတွင် တဲဆောက်၍ နေထိုင်ခဲ့ကာ မ××××မှာ တောထဲတစ်ဦးတည်း မပြန်ရဲသဖြင့်၊ ပတ်ဝန် ကျင်တွင် လူသူမရှိခြင်း များကြောင့် တင်ရွှေနှင့်အတူ ဆက်လက်နေထိုင် ခဲ့ရပြီး (၆-၁-၂၀၁၄)ရက်နေ့တွင် တင်ရွှေ မရှိခိုက် ထွက်ပြေး ခဲ့ရာ ကျောင်း ကုန်းကြီးကျေးရွာ မိဘ များထံပြန်လည်ရောက် ရှိပြီး ဖြစ်စဉ် အားပြောပြ တိုင်ပင်၍ မိဘများနှင့်အတူ ရဲစခန်းသို့ လာရောက်၍ တင်ရွှေအား အရေးယူပေးရန် (၈-၁-၂၀၁၄)ရက်နေ့ (၃)နာရီ အချိန် မ××× မှတရားလို ပြုလုပ်၍တိုင်းတန်းသဖြင့် ပွင့်ဖြူမြို့နယ် မြိုမ ရဲစခန်းမှ (ပ)၃/၂၀၁၄၊ပြစ်မှု ပုဒ်မ ၃၇၆ အရ အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
MOI Webportal Myanmar
မှိုဝယ်လိုက်မိရာမှ သားမယားပြုကျင့်ခံရ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin