အမ်မာဝပ်ဆန်ကို သူမချစ်သူ၏ မိသားစုက လှိုက်လှိုက်လှဲလှဲကြိုဆို

အမ်မာဝပ်ဆန်ကို သူမချစ်သူ၏ မိသားစုက လှိုက်လှိုက်လှဲလှဲကြိုဆို အသက်(၂၃)နှစ် အရွယ်ရှိပြီဖြစ်သော Harry Potter မင်းသမီးသည် မကြာသေးမီက အောက်စ်ဖို့ဒ် တက္ကသိုလ်ကျောင်းသား မက်သရူးဂျန်နီနှင့် စတင်၍ တွဲဖြစ်ခဲ့သည်
အမ်မာဝပ်ဆန် အနေဖြင့် သူမ၏ ချစ်သူသစ် နေအိမ်သို့ အလည်အပတ် သွားရောက်ခဲ့ရာ မိသားစုဝင်များ၏ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်းကို ကြုံခဲ့ရကြောင်း သိရှိရသည်။ အသက်(၂၃)နှစ် အရွယ်ရှိပြီဖြစ်သော Harry Potter မင်းသမီးသည် မကြာသေးမီက အောက်စ်ဖို့ဒ် တက္ကသိုလ်ကျောင်းသား မက်သရူးဂျန်နီနှင့် စတင်၍ တွဲဖြစ်ခဲ့သည်။ အသက်(၂၁)နှစ်ရှိ မက်သရူးသည် တက္ကသိုလ် လက်ရွေးစင် ရက်ဂ်ဘီ အားကစားသမား တစ်ဦးလည်း ဖြစ်သည်။ ကြားလူမိတ်ဆက်ပေးရာမှ သိကျွမ်းရင်းနှီးခဲ့သော စုံတွဲသည် လျင်လျင်မြန်မြန်ပင် ဆက်ဆံရေး တိုးတက်အဆင်ပြေလာပြီး အမ်မာက မက်သရူး၏ မိသားစုထံ လိုက်လံလည်ပတ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မက်သရူး၏ မိဘနှစ်ပါးသည် ကင်ဆာရောဂါဖြင့် ဆုံးပါးသွားပြီ ဖြစ်သောကြောင့် ကော်ရာလီဒေးနှင့် ဂျိမ်းစ်ဒေးတို့က ၎င်းကို အုပ်ထိန်း မွေးမြူထားသည်။ အမ်မာက မက်သရူး၏ နေအိမ်သို့ အလည်လိုက်သွားသည့်အခါ ၎င်းတို့က ပျော်ရွှင် နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း အီးဗနင်းစတန်းဒက် သတင်းစာက ဖော်ပြခဲ့သည်။ ကော်ရာလီသည် သူမ၏သားက နာမည်ကျော် အနုပညာ ကြယ်ပွင့်တစ်ဦးနှင့် ချစ်သူဖြစ်နေသည် ဆိုခြင်းကို ပြီးခဲ့သည့် နှစ်ပတ်ကမှ သတင်းစာဖတ်မိပြီး သိရှိခဲ့ခြင်း ဖြစ်သည်။ "ကျွန်မတို့အားလုံး အမ်မာကို တွေ့ရလို့ ကြည်နူးဝမ်းသာနေကြတယ်။ သူနဲ့ နောက်လည်း မကြာမကြာ တွေ့ရဖို့ မျှော်လင့်မိပါတယ်"ဟု သူမက ဆိုသည်။

ကော်ရာလီက "သူတို့နှစ်ယောက်က လိုက်လည်းလိုက်ဖက်ပါတယ်။ မက်သရူးက လူတော်လေးပါ။ သူနဲ့ပတ်သက်လို့ ဘယ်သူကမှ မကောင်းပြောကြမယ် မထင်ဘူး"ဟုလည်း ပြောကြားခဲ့သည်။ မက်သရူးသည် အောက်စ်ဖို့ဒ်တက္ကသိုလ်ရှိ အော်ရီရော်လ် ကောလိပ်တွင် ခေတ်သစ်နှင့် အလယ်ခေတ် ဘာသာဗေဒကို သင်ယူနေသူဖြစ်ပြီး အမ်မာကမူ အောက်စ်ဖို့ဒ်ရှိ ဝေါ်ကက်စတာ ကောလိပ်တွင် အင်္ဂလိပ်စာ အထူးပြု ပညာသင်ကြားလျှက်ရှိသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ